မြေးကိုဖမ်းမမိသဖြင့် အဘိုးဖြစ်သူကို အကြမ်းဖက်စစ်တပ်က ဓားစာခံအဖြစ်ဖမ်းဆီး

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့၊ မောင်းတိုင် (၁) ရပ်ကွက်၊ မြို့ရိုးကုန်းလမ်းမှာနေထိုင်တဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုပြည့်ဖြိုးပိုင်ရဲ့ အဘိုးဖြစ်သူ ဦးဝင်းရွှေကို စစ်တပ်က မေလ ၃၁ ရက် ည ၉ နာရီခွဲလောက်က ဖမ်းသွားပါတယ်။

ကိုပြည့်ဖြိုးပိုင်က ''ကျနော်က ရှောင်နေတော့ ကျနော့် အဘိုး ဦးဝင်းရွှေ ထပ်မံဖမ်းဆီးသွားပြန်တယ်ဗျာ။ ကျနော့်အဘိုးက အသက်လည်းကြီးနေပြီ။ နောက်ပြီး ကျနော့်ကောင်မလေးအိမ်ကိုလည်း ဝင်ပြီးရှာသွားသေးတယ်တဲ့။ အိမ်က မိသားစုတွေကိုင်တဲ့ ဖုန်းတွေကိုရိုက်ခွဲသွားပြီး အိမ်အတွင်းကပစ္စည်းတွေကို ရိုက်ခွဲသွားတဲ့အပြင် ပစ္စည်းတချို့လည်း ယူသွားကြတယ်လို့ သိရတယ်။ အခုတော့ မိသားစုနဲ့တော့အဆက်သွယ်ပြတ်နေတယ်''လို့ ပြောပြပါတယ်။

မတ်လ ၂၇ ရက်နေ့ကလည်း ကိုပြည့်ဖြိုးပိုင်ရဲ့ အမေ ဒေါ်စန်းသီတာကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးသွားပြီး မတ်လ ၂၉ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့တာပါ။

More News
Up