ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ မေလ ၃၁ ရက်နေ့က အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းဝင်းထဲမှာ ဗုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
ဒီမနက် ၆ နာရီကျော်လောက်မှာ ကျောင်းဝင်းထဲကနေ ဗုံးထပေါက်ကွဲတာဖြစ်လို့ ထိခိုက်ဒဏ်ရာရတာမျိုးတော့ မရှိဘူးလို့ ဒေသခံတဦးက ပြောပါတယ်။
ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ ကျောင်းဝင်းထဲကို မနက် ၁၀ နာရီလောက်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကိုင်တွေ လာရောက်စစ်ဆေးခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ ဗုံးပေါက်ကွဲခဲ့တဲ့ ကျောင်းနဲ့ အနီးဝန်းကျင်ကို လုံခြုံရေးတိုးမြှင့်ထားတယ်လို့ သိရပါတယ်။
မအူပင်မြို့မှာ အခု မေလအတွင်း ပေါက်ကွဲမှု ၄ ကြိမ်ထိရှိလာပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။