ရန်ကုန်- မန္တလေး ၁၄ နာရီ အရောက် ပြေးဆွဲတော့မည်
DVB
·
November 20, 2013
[caption id="attachment_13087" align="alignright" width="300"] မြို့ပတ်ရထား (ဓာတ်ပုံ - ဒီဗွီဘီ)[/caption]
ရန်ကုန်- နေပြည်တော်- မန္တလေး ရထားလမ်းပိုင်းတွေကို အထိုက်အလျောက် ပြုပြင်လို့ ပြီးပြီမို့ ရန်ကုန်- မန္တလေး ရထားကို ၁၄ နာရီနဲ့ အရောက်ပြေးဆွဲတော့မယ်လို့ မြန်မာ့မီးရထားဌာနက နိုဝင်ဘာ ၁၉ ရက်နေ့က ထုတ်ပြန်ကြေငြာပါတယ်။
အဲဒီ ရန်ကုန်- မန္တလေး ရထားဟာ လက်ရှိ အချိန်ပြေးဆွဲချိန် ၁၅ နာရီခွဲလောက် ကြာပြီး လမ်းမှာ တစုံတရာ အခက်အခဲတွေ့ရင် ဒီထက် အချိန်ပို ကြာမြင့်ပါတယ်။
ရထားလမ်းပိုင်း အထိုက်အလျောက် ပြုပြင်လို့ ပြီးသွားပြီဖြစ်တဲ့အတွက် ရထားပြေးဆွဲချိန် ၁
နာရီခွဲလောက် သက်သာသွားတာ ဖြစ်ပါတယ်။
အလားတူ ရန်ကုန်- နေပြည်တော် ရထားတွေ ဟာလည်း ပြေးဆွဲချိန် ၉ နာရီပဲ ကြာတော့မှာ ဖြစ်ပြီး အချိန် ၁ နာရီ သက်သာသွားတဲ့အတွက် နိုဝင်ဘာ ၂၄ ရက်နေ့ကစ ရထားပြေးဆွဲချိန်တွေကိုလည်း ပြင်ဆင်သွားမယ်လို့ မြန်မာ့မီးရထား ရုံးချုပ်က ကြေငြာထားပါတယ်။