တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်မှာ ပြည်သူတွေဟာ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီကို လက်မခံကြောင်း မေလ ၃၁ ရက်နေ့မှာ ငြိမ်းချမ်းစွာ ဆက်လက်ဆန္ဒပြခဲ့ကြပါတယ်။
ဒီကနေ့မှာတော့ လောင်းလုံးမြို့နယ်ရဲ့ စစ်ပြဲနဲ့ ညင်းမော်ကျေးရွာတွေအပြင် ကျေးရွာအများစုမှာ ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။ ဆန္ဒဖော်ထုတ်ခဲ့တဲ့ ပြည်သူတွေက အာဏာသိမ်း စစ်ကောင်စီကို ဘယ်တော့မှ အရှုံးပေးမှ မဟုတ်သလို စစ်ကျွန်ပညာရေးကို အမြစ်ပြုတ်တဲ့အထိ တော်လှန်ကြမယ်လို့ ပြောပါတယ်။
လောင်းလုံးမြို့နယ်က ပြည်သူတွေဟာ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီကို လက်မခံကြောင်း သပိတ်မျိုးစုံ ပြုလုပ်ပြီး နေ့စဉ် ရက်ဆက် တော်လှန်နေတာ ဖြစ်ပါတယ်။