တောင်အာဖရိကနိုင်ငံတွင် ဆောက်လုပ်ဆဲ ကုန်တိုက် ပြိုကျ

တောင်အာဖရိကနိုင်ငံ မြို့တော် ဒါဘန်အနီးက ဆောက်လုပ်ဆဲ ဈေးဝယ်ကုန်တိုက်တခု ပြိုကျပြီး အနည်းဆုံး လူ ၁ ဦး သေဆုံးပြီး အပျက်အစီးတွေအောက်မှာ လူ ၅၀ ကျော် ပိတ်မိနေတယ်လို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ရဲတပ်ဖွဲ့တို့က ပြောပါတယ်။ Africa copyအသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေရှိတဲ့ နောက်ထပ် လူ ၂၆ ယောက်တို့ကိုလဲ ဒါဘန်မြို့ မြောက်ဖက် မိုင် ၂၀ အကွာလောက်က တွန်ဂါ့တ်မြို့ ဆေးရုံကို အမြန် ပို့ဆောင်ပေးထားတယ်လို့ Netcare 911 အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ ပြောခွင့်ရ ခရစ္စဘိုသာက ရိုက်တာသတင်းဌာနကို ပြောပါတယ်။ ဒီဆောက်လုပ်ဆဲ အဆောက်အဦဟာ နိုဝင်ဘာ ၁၉ ရက်နေ့ ညပိုင်းက ပြိုကျတာဖြစ်လို့ အမှောင်ထဲမှာ ကယ်ဆယ်ရေးသမားတွေနဲ့ ရဲတပ်ဖွဲ့တို့ဟာ ကွန်ကရစ် အပြိုအပျက်တွေ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး သတ္တုပစ္စည်း အပျက်အစီးတွေအောက်က ပိတ်မိနေသူတွေကို ရှာဖွေကယ်တင်နိုင်ဖို့ လင်းအားကောင်းတဲ့ လျှပ်ကူးမီးတိုင်တွေ ထိုးထားပြီး လေ့ကျင့်ပေးထားတဲ့ အနံ့ခံခွေးတွေကို သုံးစွဲကာ ပိုက်စိပ်တိုက် ရှာဖွေနေကြတာ ဖြစ်ပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းခွင်အနီး အမှောင်ထဲမှာလည်း လာရောက် ကြည့်ရှု့နေကြသူတွေ၊ စိုးရိမ်ပူပန်နေကြတဲ့ မိတ်ဆွေနဲ့ ဆွေမျိုးတွေလည်း ရောက်ရှိနေကြပါတယ်။ ကယ်ဆယ်ရေးသမား တွေဟာ ပိတ်မိနေသူတွေဆီ ရောက်ရှိနိုင်ဖို့ ဟိုက်ဒြောလစ်ဝန်ချီစက်တွေ သုံးပြီး ကွန်ကရစ်တုံးတွေကို သယ်ယူ ချီမ ခွဲချေတာတွေ လုပ်နေရပါတယ်။ ဒီ ၃ ထပ် အဆောက်အဦ ပြိုကျရတဲ့အကြောင်းရင်းကိုတော့ လတ်တလောမှာ ရှင်းရှင်းလင်းလင်း  မသိရသေးပါဘူး။ ဒီအဆောက်အဦကို ဘယ်သူပိုင်လဲဆိုတာကိုလည်း ချက်ချင်း မသိရသေးပါဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့ ၁ လလောက်ကပဲ မီးရထားလမ်းနဲ့ ယှဉ်ပြီး ကပ်နေတဲ့ ဒီနေရာမှာ ဆောက်လုပ်ရေးလုပ်ငန်းကို ရပ်ဆိုင်းထားဖို့ ဒေသအာဏာပိုင်တွေ ကြိုးစားခဲ့တဲ့ အကြောင်း ဒုတိယမြို့တော်ဝန် နွမ်ဗူဇို ရှာဘာလာလာက ပြောပါတယ်။ ဒီအဆောက်အဦမှာ လုပ်ငန်းခွင်ဘေးကင်းရေး စည်းမျဉ်းစည်းကမ်းတွေ ချိုးဖောက် ထားတာ တွေ့ရှိရရင် ဒီမတော်တဆမှုဟာ လက်ရှိ အာဏာရ အာဖရိကန် အမျိုးသား ကွန်ဂရက်ပါတီကို ထိခိုက်စေနိုင်ပြီး ရွေးကောက်ပွဲကို နောက်နှစ်အထိ ရွှေ့ဆိုင်းသွားမှာ ဖြစ်ပါတယ်။ ဒါဘန်နဲ့ သူ့အနီးအနားက ကွာဇူလူ-နာတလ် ပြည်နယ်တို့ဟာ သမ္မတ ဂျက်ကော့ဘ်ဇူးမားရဲ့ မွေးရပ်မြေလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up