ရွှေပြည်သာမြို့နယ် အမှတ် ၆ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့ ဗုံးကွဲ
DVB
·
May 30, 2021
ရန်ကုန်၊ ရွှေပြည်သာမြို့နယ်၊ အမှတ် ၆ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ မေလ ၃၀ ရက် ဒီနေ့ နေ့လယ် ၁၂ နာရီကျော်က ပေါက်ကွဲမှုတခု ဖြစ်ပြီး ကလေးတယောက် ဒဏ်ရာရသွားပါတယ်။
“အမှိုက်ကောက်တဲ့ ကလေးတယောက် ဒဏ်ရာရထားတယ်လို့ သိရပါတယ်။ လူနာတင်ကားလည်း ရောက်နေတယ်” လို့ ရပ်ကွက်ဒေသခံတယောက်က ပြောပါတယ်။
ဒီမနက် ၆ နာရီလောက်ကလည်း အဲဒီရုံးနားက မဲခေါင်လမ်း၊ ပညာရေးမှူးရုံးမှာ ပေါက်ကွဲမှု ဖြစ်ခဲ့ပါသေးတယ်။