Home
မြန်မာသတင်း
ဧရာဝတီတိုင်း ရဲရုံးက ရဲအုပ်နှင့် ရဲတပ်သား အချင်းချင်း ပစ်ခတ်မှုဖြစ်၊ ရဲတပ်သား သေဆုံး
DVB
·
May 30, 2021

ပုသိမ်မြို့မှာ မေလ ၂၉ ရက်  မနေ့ညပိုင်း ည ၁၁ နာရီလောက်က  ဧရာဝတီတိုင်းရဲတပ်ဖွဲ့ရုံးက ရဲအချင်းချင်း ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင်   ၁ ဦး သေဆုံးသွားပါတယ်။ 

တိုင်းရုံးဦးစီး- ၁ (လုံခြုံရေးနဲ့ သတင်းထောက်လှမ်းရေး)ဌာနက ရဲအုပ်နဲ့ ရဲဒုတပ်ကြပ် ရဲလင်းအောင်တို့ စကားများ ရန်ဖြစ်ရာကနေ အချင်းချင်း သေနတ်နဲ့ အပြန်အလှန်ပစ်ခတ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုသူ ရဲအရာရှိ တဦးက ဒီဗွီဘီကို ပြောပါတယ်။

"တိုင်းရဲတပ်ဖွဲ့မှူး အိမ်နားမှာဖြစ်တာ စကားများရာကနေ အပြန်အလှန်ပစ်ကြတာ။ ရဲဒုတပ်ကြပ်ကတော့ သေသွားတယ်၊ ရဲအုပ်ကတော့ လက်မောင်းထိတယ် ကြားတယ်''လို့ ပြောပါတယ်။

အပြန်အလှန်ပစ်ခတ်ခဲ့ရာမှာ  ရဲဒုတပ်ကြပ် ရဲလင်းအောင်ရဲ့ လည်ပင်း ကျည်ဆန်ထိမှန်ပြီး အခင်းဖြစ်နေရာမှာ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

သေနတ်ပစ်ခတ်မှုဖြစ်ပွားရာမှာ နေထိုင်တဲ့ ဒေသခံတွေကတော့ ည ၁၁ နာရီလောက်က သေနတ်သံ ၈ ချက်လောက် ပစ်တာကြားရတယ်လို့  ပြောပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် ရဲတပ်ဖွဲ့နဲ့ စစ်တပ်အတွင်း  တပ်အချင်းချင်း ပစ်ခတ်မှုတွေ မကြာခဏဖြစ်ပွားနေပြီး သေဆုံး ဒဏ်ရာရနေသူတွေ ရှိနေတာလည်း ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024