မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် မြင်းခြံတက္ကသိုလ်က CDM ဆရာ ဆရာမတွေအပါအဝင် ပညာရေးဝန်ထမ်း ၁၂၉ ဦးကို တာဝန်ကနေ ယာယီလိုက်နားလိုက်တယ်လို့ တက္ကသိုလ်အသိုင်းအဝိုင်းက သိရပါတယ်။
မြင်းခြံ တက္ကသိုလ် စီမံခန့်ခွဲရေးအဖွဲ့ရဲ့ မေ ၂၀ ရက်နေ့က ပြုလုပ်တဲ့ အစည်းအဝေး သဘောတူညီချက်အရ အရာထမ်း ၁၂၉ ဦးကို မေ ၃ ရက်နေ့ကစပြီး ရာထူးက ထုတ်ပယ်လိုက်တာလို့ ဆိုပါတယ်။
ဝန်ထမ်းစည်းကမ်းဖောက်ဖျက်ပြီး ခွင့်မဲ့ပျက်ကွက်တာ၊ အကြောင်းပြချက်မရှိဘဲ ရုံးတက်ရောက်ဖို့ ပျက်ကွက်တာတွေက တာဝန်ကနေ ယာယီရပ်နားလိုက်တာလို့ သိရပါတယ်။
တာဝန်ကနေ ယာယီရပ်နားခံရတဲ့အထဲမှာ ပါမောက္ခ၊ တွဲဖက်ပါမောက္ခတွေနဲ့ ကထိကတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။