ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် အမှတ် (၁၆) ရပ်ကွက် ကမ္ဘောဇမှတ်တိုင်းအနီးမှာ ဒီနေ့ မနက် ၇ နာရီခွဲလောက်က လှည့်ကင်းဆောင်ရွက်နေတဲ့ စစ်ကားကို ဗုံးနဲ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။
ပစ်ခတ်လိုက်တဲ့ ဗုံးမှာ ကားပေါ်ကိုမရောက်ဘဲ ကားနောက်ဖုံးကို ထိမှန်ပြီး ပြန်လည်လွင့်စဉ်ပေါက်ကွဲခဲ့ရာ အနီးအနားရှိ ကယ်ရီသုံးဘီးမောင်းသူတစ်ဦးအပါအဝင် လမ်းသွားလမ်းလာ ၄ ဦးကို ဗုံးထိမှန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လှည့်ကင်းတပ်ဖွဲ့ဝင်တွေက ပြန်လည်ပစ်ခတ်ကာ လမ်းပိတ်ဆို့တားဆီး စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကားကို ဗုံးနဲ့ပစ်သူကိုတော့ မမိသေးဘူးလို့ သိရပါတယ်။