အမတ်များ ဒေသဖွံ့ဖြိုးရေး ကျပ်သိန်း ၁ ထောင်စီ သုံးနိုင်ပြီ

လွှတ်တော်အမတ်တွေဟာ မြို့နယ် ၁ မြို့နယ်စီအတွက် ချထားပေးတဲ့ ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ် သိန်း ၁ ထောင်စီကို စ ပြီး သုံးနိုင်ပြီလို့ အန်အယ်လ်ဒီပါတီက အမျိုးသားလွှတ်တော်အမတ် ဒေါက်တာမြတ်ဥာဏစိုးက ပြောပါတယ်။ parlimentပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်နေ့ လွှတ်တော် အစည်းအဝေးပွဲတွေအပြီး ကျပ် သိန်း ၁ ထောင်စီ သုံးစွဲရမယ့် လုပ်ထုံးလုပ်နည်းတွေကို ထုတ်ပြန်ပေးလိုက်တဲ့အတွက် ခုလို စပြီး အသုံးပြုနိုင်တာလို့ သူက ပြောပါတယ်။ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေအတွက် ချထားပေးတဲ့ ၁ မြို့နယ် ကျပ် သိန်း ၁ ထောင်ကို အဲဒီ မြို့နယ်က ပြည်သူ့လွှတ်တော်အမတ်၊ အမျိုးသားလွှတ်တော်အမတ်၊ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်လွှတ်တော်အမတ် ၂ ယောက် စုစုပေါင်း ၄ ယောက် ညှိနှိုင်းတိုင်ပင်ပြီး စာကြည့်တိုက် တည်ထောင်တာ၊ စာသင်ကျောင်း ပြုပြင်တာနဲ့ လမ်းတံတား ပြုပြင်တာတွေမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ လုပ်ငန်း ၁ ခုစီအတွက် ကျပ်ငွေ သိန်း ၅၀ ထက် မပိုအောင် သုံးစွဲရမှာ ဖြစ်ပြီး လာမယ့် ၂၀၁၄ မတ်လကုန်အထိ ဒီ ချပေးတဲ့ ငွေကျပ် သိန်း ၁ ထောင်ကို သုံးစွဲနိုင်ကြောင်း လုပ်ထုံးလုပ်နည်းထဲမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up