မြိုင်မြို့နယ်၊ အမှတ် ၁ ရပ်ကွက်မှာ မေလ ၂၈ ရက်နေ့က ဗုံး ၅ လုံး ဆက်တိုက်ပေါက်ကွဲခဲ့ပြီး စာသင်ကျောင်း မီးလောင်ခဲ့တယ်လို့ သိရပါတယ်။
ည ၁၀ နာရီ ၄၅ မိနစ်လောက်မှာ အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်းဝန်းထဲက ဗုံးပေါက်ကွဲသံတွေကြားရပြီး နောက်ပိုင်း မီးလောင်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ဗုံးပေါက်ပြီး မိနစ်ပိုင်းအကြာမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေ ရောက်လာပြီ လူတွေကို အပြင်မထွက်ခိုင်းဘဲ ည ၁၁ နာရီ ၄၀ လောက်ထိ သေနတ်ပစ်ဖောက်ခဲ့တယ်လို့ ဆိုပါတယ်။
ဗုံးပေါက်ပြီး မီးလောင်မှုကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေတွေကိုတော့ ပစ်ခတ်မှုတွေရှိနေလို့ အတည်ကျမသိရသေးဘူးလို့ ပြောပါတယ်။
လက်ရှိအချိန်မှာတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကိုင်တွေက စစ်ဆေးတာတွေပြုလုပ်နေပြီး လုံခြုံရေးတင်းကြပ်ထားတယ်လို့ ဒေသခံတွေကပြောပါတယ်။