ဆိုင်ကလုံး မုန်တိုင်းယာစ် (YASS) ကြောင့် ဒီရေမြင့်တက်ပြီး ရခိုင်ပြည်နယ်ထဲက ငါး၊ ပုစွန် မွေးမြူရေးတာတွေ ကျိုးပေါက်ပြီး လုပ်ငန်းရှင်တွေအရှုံးပေါ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဆိုင်ကလုံးမုန်တိုင်းကြောင့် ပုံမှန်ထက် ဒီရေ ၃ ပေလောက်မြင့်တက်လာပြီး ငါး၊ ပုစွန်မွေးမြူထားတဲ့တာတွေ ကျိုးပေါက်သွားပြီး ဆုံးရှုံးမှုတွေဖြစ်ပေါ်နေတာလို့ ပုဏ္ကားကျွန်မြို့နယ်က မွှေမြူရေးလုပ်ငန်းရှင် ဦးကျော်တင်က ပြောပါတယ်။
ငါးပုစွန်မွေးမြူရေး တာတခုမှာ ငွေကျပ် ၂၀၀ ကျော်လောက်ရင်းနှီးမြှုပ်နှံရကာ သဘာဝအတိုင်းဒီရေသွင်းပြီး မွေးမြူတာရှိသလို သားပေါက်ဝယ်ယူပြီး မွေးမြူတာတွေရှိတာကြောင့် သားပေါက်မွေးမြူတဲ့သူတွေက ပိုဆုံးရှုံးနစ်နာတယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်က ထွက်ရှိတဲ့ ငါး၊ ပုစွန်၊ ဂဏန်းတွေကို မူဆယ်လမ်းကြောင်းကနေတစ်ဆင့် တရုတ်ပြည်ကို အဓိက တင်ပို့နေတာဖြစ်ပြီး ကိုဗစ်- ၁၉ ဒုတိယလှိုင်းကတည်းက မူဆယ်လမ်းကြောင်း ပိတ်ထားတာကြောင့် လုပ်ငန်းရှင်တွေ အရှုံးပေါ်နေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။