စစ်အာဏာရှင်ယန္တရားကို သက်ဆိုးရှည်ဖို့ အထောက်အပံ့ဖြစ်တဲ့ သင်ကြားတာဝန်ကို လုံးဝထမ်းဆောင်မှာ မဟုတ်ကြောင်း CDM ဆောင်ရွက်နေကြတဲ့ အခြေခံပညာဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီ (BEGSC)က မေလ ၂၈ ရက်နေ့ ရက်စွဲနဲ့ကြေညာလိုက်ပါတယ်။
ရာထူးတာဝန်က ထုတ်ပယ်လိုက်တဲ့ ပညာရေးဝန်ထမ်းတွေကို ကိုယ်ပိုင်းကျောင်းတွေမှာ ခန့်အပ်ခြင်းမပြုဖို့ အာဏာသိမ်းစစ်ကောင်စီက မေလ ၂၇ ရက်နေ့က ညွှန်ကြားချက် ထွက်ပေါ်လာပြီး နောက် အခြေခံပညာဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီ(BEGSC)က အခုလို ထုတ်ပြန်လိုက်တာပဲဖြစ်ပါတယ်။
မြန်မာနိုင်ငံတဝန်း အခြေခံပညာစာသင်ကျောင်းတွေမှာ ခုသီတင်းပတ်အတွင်း ကျောင်းသားတွေကို စတင်ကျောင်းအပ်လက်ခံနေပြီး ဇွန်လဆန်းမှာ ကျောင်းတွေပြန်ဖွင့်ဖို့ အကြမ်းဖက် စစ်အုပ်စုက စီစဉ်နေတာပါ။
ဆရာ ဆရာမတွေ ၊ မိဘပြည်သူတွေနဲ့ ကျောင်းသူကျောင်းသားတွေကတော့ စစ်ကျွန် ပညာရေးကို ဆန့်ကျင်တဲ့အနေနဲ့ ကျောင်းမတက်ရေးလှုပ်ရှားမှုတွေပြုလုပ်နေကြပါတယ်။