Home
မြန်မာသတင်း
အလံမလိပ်အသံမတိတ်တဲ့ မန္တလေးမြို့က မဟာမိတ်စစ်ကြောင်းတွေ စုပေါင်းချီတက်
DVB
·
May 28, 2021

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်အတွင်းမှာ မေလ ၂၈ ရက် မနက်ပိုင်းက အလံမလိပ်အသံမတိတ်တဲ့ မန္တလေးမြို့ မဟာမိတ်စစ်ကြောင်းတွေ စုပေါင်းပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်ပြုတ်ကျရေးအတွက် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ချီတက်ခဲ့တဲ့အထဲမှာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အပါအဝင်၊ မန္တ​လေးပညာရေး မိသားစုသပိတ်စစ်ကြောင်း၊ အောင်မြေသာစံမြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ချမ်းမြသာစည်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ မန္တလေးပညာရေးဒီဂရီကောလိပ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)သပိတ်စစ်ကြောင်း၊ ဘုရားကြီးသပိတ်စစ်ကြောင်း၊ စိန်ပန်းသပိတ်စစ်ကြောင်း၊ သမဝါယမကျောင်းသားကျောင်းသူများသပိတ်စစ်ကြောင်း၊ တမ္ပဝတီလူထုသပိတ်စစ်ကြောင်း တို့ ပါဝင်ခဲ့ကြပါတယ်။

ချီတက်ရာမှာလည်း စစ်အာဏာရှင်စနစ် ဖြုတ်ချရေး၊ စစ်ကျွန်ပညာသပိတ်မှောက်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပေါ်ပေါက်ရေး စတာတွေကို ကြွေးကြော်ချီတက်ခဲ့ပြီး အောင်မြင်စွာ လူစုခွဲနိုင်ခဲ့ပါတယ်။

မန္တလေးမြို့ အောင်မြေသာစံမြို့နယ်အတွင်းမှာလည်း မေလ ၂၈ ရက်မနက်ပိုင်းက အောင်မြေသာစံမြို့နယ်၊ ကျောင်းသားများသမဂ္ဂ၊ အောင်မြေသာစံ ပညာရေးကျောင်းပေါင်းစုံ၊ မဟာအောင်မြေ လူထုသပိတ်စစ်ကြောင်းတို့ပူးပေါင်းပြီး စစ်အာဏာရှင်စနစ် အလိုမရှိကြောင်းနဲ့ စစ်ကျွန်ပညာရေးကို သပိတ်မှောက်ကြောင်း ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024