မြန်မာနိုင်ငံမှ မီးသွေးများ တရုတ်က ပိုမိုသယ်ဆောင်လာ
DVB
·
May 27, 2021
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ ၁၀၅ မိုင်နဲ့ ပန်ဆိုင်းမြို့အကြား နမ့်တောင်းရွာက မီးသွေးတွေကို ၁၂ ဘီးကားတွေနဲ့ တရုတ်နိုင်ငံက အရင်ကထက် ပိုမို သယ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အရင်က နေ့စဉ် ပုံမှန် ၁၂ ဘီးကား အစီး ၂၀ ကနေ ၂၅ စီးကြား သယ်ဆောင်လာရာကနေ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တစ်ရက်ကို အနည်းဆုံး စီးရေ ၅၀ ကနေ ၆၀ ကြားထိ သယ်ဆောင်လာတယ်လို့ မျက်မြင်တွေက ပြောပါတယ်။
၁၂ ဘီးကားတစ်စီးကို မီးသွေးတန်ချိန် ၄၀ ဝန်းကျင်တင်နိုင်တယ်လို့ သိရပါတယ်။