မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ မဟာအောင်မြေကျောက်မျက်ရတနာရောင်းဝယ်ရေး စခန်း (ကျောက်ဝိုင်း)နားမှာ မေ ၂၇ ရက် မနက်ပိုင်းက လက်လုပ်ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။
ပေါက်ကွဲမှုဖြစ်ပေမဲ့ ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ဘူးလို့ သိရပြီး ဗုံးပေါက်ပြီး မကြာခင်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့တပ်တွေ ရောက်လာပြီး စစ်ဆေး ကင်းလှည့်တာတွေ လုပ်ခဲ့ပါတယ်။
ဒါ့အပြင် အရောင်းအဝယ်လာလုပ်တဲ့ ကျောက်သမားတွေကို ကျောက်ဝိုင်းထဲ ဝင်ခိုင်းပေမဲ့ ကျောက်သမားတွေဟာ မဝင်ကြဘဲ ပြန်ကြတယ်လို့ သိရပါတယ်။
ကျောက်ဝိုင်းရှိ ဆိုင်ခန်းတွေကို မေ ၁၄ ရက်နောက်ဆုံးထားဖွင့်ဖို့ ပြောထားပေမဲ့ ဆိုင်ခန်းတချို့ပဲ ဖွင့်တယ်လို့ သိရပါတယ်။