၂၀၁၄ ဧပြီကစ သမ္မတ လစာ ကျပ် သိန်း ၅၀ ယူမည်

လာမယ့် ဘဏ္ဍာနှစ်အစ ၂၀၁၄ ဧပြီလ ကစ နိုင်ငံတော်သမ္မတဟာ ၁ လ လစာ ကျပ်ငွေ သိန်း ၅၀ ခံစားတော့မယ်လို့ ပြည်ထောင်စုလွှတ်တော် နောက်ဆုံးနေ့ သမ္မတကနေ လွှတ်တော်ကို ပေးပို့တဲ့ သ၀ဏ်လွှာဖော်ပြချက်အရ သိရပါတယ်။ u thein seinအဲဒီ သ၀ဏ်လွှာထဲမှာ သူတို့ အစိုးရအဖွဲ့ တာဝန်ယူကာစမှာ တိုင်းပြည်ရဲ့ ဘဏ္ဍာငွေကြေးနဲ့ အခြေအနေ အကြောင်းကြောင်းကြောင့် ဥပဒေ ပြဋ္ဌာန်းချက်ပါ သတ်မှတ်ထားတဲ့ လစာတွေအတိုင်း မခံစားဘဲ အရင် စစ်အစိုးရခေတ်က လစာတွေအတိုင်းပဲ ခံစားခဲ့တယ်။ အခု အစိုးရသက်တမ်း ၂ နှစ်ခွဲ၊ ၃ နှစ်ရောက်လာတဲ့အခါ တိုင်းပြည် ဘဏ္ဍာကိုလည်း အသင့်အတင့် တိုးတက်အောင် ဖော်ဆောင်နိုင်ခဲ့ကြတယ်။ ဒါကြောင့် လာမယ့် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အစမှာ အရင် စစ်အစိုးရခေတ်က ပြဌာန်းပေးခဲ့တဲ့ ဥပဒေ အတိုင်း ချီးမြှင့်ငွေ (လစာ) ကို စပြီးခံစားမယ် ဆိုပြီး ဖော်ပြထားပါတယ်။ အဲဒီ ဥပဒေအရ သမ္မတဟာ ၁ လ ကျပ် သိန်း ၅၀၊ ဒုသမ္မတ တွေ ၁ လ ကျပ် သိန်း ၄၀၊ လွှတ်တော် ဥက္ကဌ နှစ်ယောက်နဲ့ တရားသူကြီးချုပ် ၁ လ ကျပ် ၃၅ သိန်း၊ ၀န်ကြီး၊ လွှတ်တော် ဒု- ဥက္ကဋ္ဌ ၂ ယောက် နဲ့ အဆင့်တူတွေကို ၁ လ ကျပ် သိန်း ၃၀၊ ဒုဝန်ကြီးတွေနဲ့ အဆင့်တူတွေကို ၁ လ ကျပ် သိန်း ၂၀ သတ်မှတ်ထားပါတယ်။ လက်ရှိ သမ္မတ ဦးသိန်းစိန်ဟာ ၁ လ လစာ ကျပ် ၁၅ သိန်း ရယူခံစားနေကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။

More News
Up