ဗီယက်နမ်နိုင်ငံမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ၃၁ ယောက် သေဆုံး

ဗီယက်နမ်နိုင်ငံမှာ မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် ရေကြီးပြီး မြေပြိုတာတွေ ဖြစ်ခဲ့လို့ လူ ၃၁ ယောက် သေခဲ့ရပြီး လူပေါင်း ၇ သောင်းလောက် နေအိမ်တွေကနေ စွန့်ခွာခဲ့ရတယ်လို့ နိုဝင်ဘာ ၁၆ ရက်နေ့မှာ နိုင်ငံပိုင်သတင်းဌာနက ထုတ်ပြန် ကြေငြာသွားပါတယ်။ Vietnamကွမ်နမ်ပြည်နယ်ထဲမှာ ညဘက်ကြီး ရေတွေ ဆက်တိုက် တက်လာတာကြောင့် စစ်သားတွေနဲ့ ရဲတွေက လူပေါင်း ၁ သောင်း ၆ ထောင်ကျော်ကို နေရာရွှေ့ပြောင်းပေးခဲ့ ရပါ တယ်။ ၁၀ နာရီလောက် ကြာအောင် ရွာခဲ့တဲ့ မိုးဟာ မြစ်ရေတွေကို အမြင့်ဆုံးအဆင့်အထိ မြင့်တက်သွားစေခဲ့သလို ရေအားလျှပ်စစ် ထုတ်တဲ့ ရေကာတာက ရေထိန်းတခါးတွေ ဖွင့်လိုက်တာကြောင့်လည်း ရေပိုကြီးသွားတာလို့ ဗီယက်နမ်မိုးလေ၀သဌာနက ပြောပါတယ်။ ကွမ်နမ်ပြည်နယ်ထဲက ရှေးဟောင်းမြို့တော် ဟွိုင်အန်မြို့မှာ ထောင်နဲ့ချီတဲ့ ခရီးသွားတွေ သောင်တင် နေကြပါတယ်။ ဗီယက်နမ်အာဏာပိုင်တွေက ရေကြီးနေတဲ့ ကျေးရွာတွေကို အကူအညီတွေ ရောက်ဖို့ ကြိုးစားနေ ကြပါတယ်။

More News
Up