ဖိလစ်ပိုင်သမ္မတ ဟိုင်ယန်တိုင်ဖုန်မုန်တိုင်းဒဏ်ခံဒေသကို သွားရောက်

ဖိလစ်ပိုင်သမ္မတ ဘင်နစ်နို အကွီနိုဟာ ဟိုင်ယန်အမည်ရ တိုင်ဖုန်မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ ဒေသတွေကို နိုဝင်ဘာ ၁၇ ရက်နေ့မှာ သွားရောက်ခဲ့ပါတယ်။ Philipineနိုဝင်ဘာ ၈ ရက်နေ့က တိုင်ဖုန်းမုန်တိုင်းဒဏ်ကို ပထမဆုံး ခံခဲ့ရတဲ့ အရှေ့ပိုင်း ဆာမာ ပြည်နယ်က ဂီးဝမ် (Gee wan) ကို သူ အရင်ဆုံး သွားခဲ့တာ ဖြစ်ပါတယ်။ သမ္မတ အကွီနိုဟာ အကူအညီတွေ နှေးကွေးတာနဲ့ သေဆုံးဒဏ်ရာရသူစာရင်း မရှင်းလင်း တာတွေကြောင့် အဝေဖန်ခံခဲ့ ရပါတယ်။ အထူးသဖြင့် မုန်တိုင်းဒဏ် အပြင်းထန်ဆုံး ခံခဲ့ရတဲ့ဒေသကတော့ လေတီပြည်နယ် (Leyte)ရဲ့ မြို့တော် တက်ကလိုဘန် (Tacloban) မှာ ဖြစ်ပါတယ်။ သမ္မတ ဟာ ဂီးဝမ်ကို သွားအပြီးမှာ အဲဒီကို သွားမှာ ဖြစ်ပါတယ်။ သမ္မတက ဂီးဝမ်မှာ  ဒေသအာဏာပိုင်တွေနဲ့ တွေ့ဆုံပြီး အစိုးရက လုပ်နိုင်တာတွေကို အကောင်းဆုံး လုပ်ဆောင်နေတယ်ဆိုတာကို အခိုင်အမာပြောခဲ့ပါတယ်။ “သဘာဝဘေးအန္တရာယ်တွေ ကျရောက်လာတဲ့အခါ ကျနော်တို့ လုပ်နိုင်တာက ဆုတောင်းရုံပါပဲ။ ဒါပေမယ့် ကျနော်တို့ လုပ်နိုင်တာတွေ လုပ်ဖို့ဟာလည်း အရေးကြီးပါတယ်။ တိုင်းပြည်တွေ အများကြီးပါ။ အနည်းဆုံး နိုင်ငံ ၂၈ နိုင်ငံက ကျနော်တို့ရဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို အကူအညီ ပေးနေပါတယ်။ ကျနော်တို့ ပြန်ထူထောင်နိုင်လား။ ရတာပေါ့။ ဒါပေမယ့် လူတိုင်း ကူညီကြမယ်ဆိုရင် အဲဒါဟာ ပိုပြီး လွယ်ကူ မြန်ဆန်ပါလိမ့်မယ်လို့ သမ္မတ အကွီနိုက ပြောသွားပါတယ်။ ဟိုင်ယန်တိုင်ဖုန်းမုန်တိုင်းကြောင့် အနည်းဆုံးလူ ၃၆၈၁ ယောက် သေခဲ့ရပြီး လူပေါင်း ၄ သန်းလောက် အိုးအိမ်တွေ စွန့်ခွာခဲ့ရပါတယ်။ ဖိလစ်ပိုင်နိုင်ငံရဲ့ သမိုင်းမှာ အပြင်းထန်ဆုံးအဖြစ် မှတ်တမ်းတင်သွားတဲ့ ဟိုင်ယန်အမည်ရ တိုင်ဖုန်းမုန်တိုင်းဟာ အိမ်ခြေပေါင်း ၅ သိန်းလောက်ကို ဖျက်ဆီးသွားခဲ့တယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။ ဝေးလံတဲ့ဒေသတွေကို အကူအညီ ပစ္စည်းတွေ ပိုရောက်အောင် အမေရိကန် ယူအက်စ်အက်စ် ဂျော့ဝါရှင်တန် (USS George Washington) လေယာဉ်တင်သဘောင်္မှာ ပါလာတဲ့ ရဟတ်ယာဉ်တွေနဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို သယ်ပို့နေကြပါတယ်။ တောင်တန်းဒေသတချို့တွေက လူတွေအတွက် အစားအစာတွေ လိုအပ်နေသေးတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up