Home
မြန်မာသတင်း
ဖားကန့်တွင် မမုံရွာသား ၁၀ ဦး ထက်မနည်းကို စစ်တပ်ကဖမ်းဆီး
DVB
·
May 25, 2021

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူအုပ်စု၊ မမုံရွာမှာ မေ ၂၄ ရက် ည ၁၁ နာရီခွဲလောက်က စစ်တပ်နဲ့ရဲတပ်ဖွဲ့အပြင် အရပ်ဝတ်နဲ့လူတွေက ကျေးရွာအတွင်း သွားလာနေသူ ၁၀ ယောက်ထက်မနည်းကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ မျက်မြင်တွေ့ရှိခဲ့တဲ့ ရွာသားတွေ ကပြောပါတယ်။ 

ကျေးရွာအတွင်း လမ်းထွက်လျှောက်နေတဲ့သူတွေ ရေမဆေးကျောက်ရှာဖွေပြီး ပြန်လာတဲ့သူ တွေကို ဖမ်းဆီသွားတာဖြစ်ပြီး ပါဂျဲရိုးကားနဲ့ ကလူဂျာကားတစ်စီးအပါအဝင် မော်တော်ကား တချို့လည်း သိမ်းဆည်းသွားပါတယ်။ 

စစ်ကောင်စီတပ်ဖွဲ့တွေက  အိမ်စီးကားတွေဖြစ်တဲ့ လင်ခရူဇာ ၊ပါဂျဲရိုး ၊ ဖိုးဝှီးကားတွေနဲ့ လာခဲ့တာဖြစ်ပြီး အဲဒီကားတွေကို ဖားပြင်ကျေးရွာအနီးမှာ ထားခဲ့ကာ  မမုံရွာကို ခြေလျှင်လာ ရောက်ပြီး ဖမ်းဆီခဲ့တာဖြစ်တယ်လို့ ရွာသားတွေက ပြောပါတယ်။

တရားမဝင်ကျောက်စိမ်းတူးဖော်မှုတွေကို လာရောက်ဖမ်းဆီးတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ထင်ခဲ့ပြီး ကြိုတင်ထွက်ပြေးတိမ်းရှောင်တာမလုပ်ခဲ့တာကြောင့် ဖမ်းဆီးခံခဲ့ရတာပါ။

မမုံရွာမှာ မေ ၁၀ ရက်မနက်ပိုင်းကလည်း အခုလို ရှောင်တခင်စစ်ဆေးပြီး ဒေသခံ ၁၂ ယောက်ကို ဖမ်းဆီးသွားကာ နောက်ပိုင်း ၅ ယောက်ကို ပြန်လွှတ်ပေးခဲ့ပေမဲ့ ကျန်သူတွေကိုအခုချိန်ထိ ပြန်မလွှတ်ပေးသေးပါဘူး။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖားကန့်မြို့နယ်မှာ သတင်းထောက် တစ်ယောက်အပါအဝင် ဒေသခံ အယောက်  ၅၀ ထက်မနည်းကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးထားပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024