စစ်ကိုင်းတိုင်း ကလေးမြို့မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်တာတွေကို ခုခံကာကွယ်နိုင်ဖို့ ကလေးပြည်သူ့ကာကွယ်ရေးတပ် People's Defence Force (Kalay)ကို ဖွဲ့စည်းလိုက်ပါတယ်။
အဲဒီအဖွဲ့မှာ Kalay Civil Defence Association/Kalay Civil Army (KCDA/KCA) ၊ Sourthen Kalemyo People's Defense Organization (SKPDO) တို့အပါအဝင် မြို့နယ်တွင်း နယ်မြေအသီးသီးက ပြည်သူ့ခုခံကာကွယ်ရေးအင်အားစုတွေနဲ့ဖွဲ့စည်းလိုက်တယ်လို့ မေ ၂၄ ရက်က ထုတ်ပြန်လိုက်ပါတယ်။
People Defence's Force (Kalay) ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဖွဲ့စည်းထူထောင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရဲ့ ရည်မှန်းချက်နဲ့ လမ်းစဉ်တွေအတိုင်း ပြည်သူ့ကာကွယ်ရေးလုပ်ငန်းတွေကို ကလေးဒေသအတွင်း ထိရောက်စွာ အကောင်အထည်ဖော်မှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။