ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြေမြင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ မေလ ၂၄ ရက် ဒီနေ့ည ၉ နာရီလောက်မှာ မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။
မြေမြင့်ရပ်ကွက်နေသူ အမျိုးသမီး တစ်ဦးက “ ကျမတို့ အိမ်ရှေ့ကနေ စစ်ကား၊ ရဲကား၊ မီးသတ်ကားသုံးစီးနဲ့ Ambulance ကား ၊ အိမ်စီးကားတွေ အမြန်သွားလိုက်တာတွေ့တယ်။ ရပ်ကွက်ရုံးနဲ့ ရုံးအထဲမှာထားတဲ့ ရပ်ကွက်သူရပ်ကွက်သားတွေပိုက်ဆံနဲ့ စုပြီးဝယ်ထားတဲ့ မီးသတ်ကားတစ်စီးရော လောင်သွားတယ်လို့ကြားတယ်”လို့ ပြောပါတယ်။
မေလ ၂၃ ရက် မနက် ၂ နာရီလောက်ကလည်း မြစ်ကြီးနားမြို့၊ နောင်နန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး မီးလောင်ခဲ့ပါတယ်။