မကွေးမြို့၊ အ.ထ.က ၂ စာသင်ကျောင်းတွင် ဗုံးပေါက်ကွဲ
DVB
·
May 24, 2021
မကွေးမြို့၊ မဲထီးလမ်းပေါ်က အ.ထ.က ၂ စာသင်ကျောင်းမှာ မေလ ၂၄ ရက် ဒီနေ့ ည ၉ နာရီလောက်က ဗုံးတစ်လုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတစ်ဦးက ''ကျောင်းဝင်းထဲမှာပေါက်တာ။ ထိခိုက်တာတော့မသိရသေးဘူး။ အခုတော့ ရဲကား၊ စစ်ကားတွေနဲ့ ရှုပ်နေပြီး လမ်းသွားလမ်းလာတွေကိုစစ်ဆေးတာတွေ၊ ပစ်ခတ်တာတွေလုပ်နေတယ်'' လို့ ပြောပါတယ်။
အဆိုပါ အ.ထ.က ၂ စာသင်ကျောင်းဟာ စစ်ကောင်စီတပ်တွေ တပ်စွဲထားတာတဲ့ နေရာဖြစ်ပါတယ်။