နေပြည်တော် ဆန္ဒခံယူပွဲ ခွင့်ပြုမိန့်ရပြီ

နေပြည်တော်မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒ သဘောထားရယူရေး လူထုဟောပြောပွဲ ကျင်းပဖို့ တာဝန်ရှိသူတွေက ခွင့်ပြုလိုက်ပြီလို့  ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်စန္ဒမင်းက ပြောပါတယ်။ ​အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါ​တီ​ခေါင်း​ဆောင်​ ဒေါ်​အောင်​ဆန်း​စု​ကြည်​ကိုယ်​တိုင်  ​တက်​ရောက် ​မိန့်ခွန်း​ပြော​မယ့် ​ဖွဲ့စည်း​ပုံ ​အ​ခြေ​ခံ​ဥ​ပ​ဒေ​ဆိုင်ရာ ရှင်း​လင်း​ပွဲ​နဲ့ ​လူ​ထု​ဆ​န္ဒ​ခံ​ယူ​ပွဲ​ကို ​နေ​ပြည်​တော်​နယ်​မြေ​ ရဲ​စ​ခန်း​က ​ခွင့်​မ​ပြုဘဲ ရှိရာကနေ ဒီနေ့ ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။ ​အ​မျိုး​သား​ဒီ​မို​က​ရေ​စီ​အ​ဖွဲ့ချုပ်​က  ​ဖွဲ့စည်း​ပုံ​အ​ခြေ​ခံ​ဥ​ပ​ဒေ​ဆိုင်​ရာ ​ပြည်​သူ့ဆ​န္ဒသ​ဘော​ထား​ရ​ယူ​ရေး ​လူ​ထု​ဟော​ပြော​ပွဲ ​နေ​ပြည်​တော်​မှာ ​ကျင်း​ပ​ဖို့ ​ခွင့်​ပြုချက်​တောင်း​ခံ​ရာ​မှာ ​အ​ချက်​အ​လက်​မ​စုံ​ဘူး​၊ ​လုပ်​မယ့်​နေ​ရာ​ဟာ ​ရုံး​ဌာ​န​တွေ​နဲ့နီး​ပြီး ​ရုံး​သွား​ကျောင်​သွား​ချိန်​ဖြစ်​နေ​တာ​ကြောင့် ​ခွင့်​မ​ပြုနိုင်​ဘူး​လို့ ​သက်​ဆိုင်​ရာ​နယ်​မြေ​စ​ခန်း​မှူး​က ​နိုဝင်​ဘာ ၁၄ ​ရက်​မှာ ​အ​ကြောင်း​ပြန်​ခဲ့​တာဖြစ်ပါတယ်။ nld coverဒီနေ့မှာတော့ ဇမ္ဗူသီရိမြို့နယ် ထွေအုပ်နဲ့ မြို့နယ်ရဲမှူးက အန်အယ်လ်ဒီတာဝန်ရှိသူတွေကို ညှိနှိုင်းခေါ်ယူ ဆွေးနွေးပြီးနောက် နေပြည်တော် ပြည်သူ့ဆန္ဒခံယူပွဲကို မူလ သတ်မှတ်ထားတဲ့ နေ့ရက်၊ အချိန်၊ နေရာအတိုင်း ဆက်လက် ကျင်းပခွင့် ပြုခဲ့တယ်လို့ ဒေါ်စန္ဒာမင်းက ပြောပါတယ်။ “သူတို့က ပထမ ငြင်းပယ်တဲ့စာ ထုတ်ပြီးပြီဆိုတော့ အခု ကျမတို့ကို အယူခံတင်ခိုင်းတယ်။ ကျမတို့က အယူခံတင်လိုက်ပါတယ်။ ဒီနေရာမှာပဲ လုပ်ဆောင်ခွင့်ပြုပါ၊ ကျမတို့အနေနဲ့ နေရာ ရွှေ့ဆိုင်းဖို့ကို အခက်အခဲဖြစ်ပါတယ်။ အဲဒါကြောင့် ဒီနေရာ၊ ဒီနေ့၊ ဒီအချိန်မှာပဲ ပြန်လုပ်ချင်ပါတယ်ဆိုပြီး အယူခံထပ်ဝင်ရပြီး ခွင့်ပြုမိန်ရရှိခဲ့တယ်” လို့ ပြောပါတယ်။ ​အ​မျိုး​သား​ဒီ​မို​က​ရေ​စီ​အ​ဖွဲ့ချုပ်​ရဲ့ ​နေ​ပြည်​တော် ​အ​ခြေ​ခံ​ဥ​ပ​ဒေ​ရှင်း​လင်း​ပွဲ​ကို ​လာ​မယ့်​ နိုဝင်​ဘာ ၁၈ ​ရက်၊ ​မ​နက် ၈ ​နာ​ရီ​မှာ ​ဇ​ဗ္ဗူသီ​ရိ​မြို့နယ်၊ ​လက်​ပံ​ခါး​လှ​ကျေး​ရွာ​မှာ ​ပြုလုပ်​မှာ​ဖြစ်​ပါတယ်။ ​အန်အယ်လ်ဒီ ပါ​တီ​က ​ဥ​ပ​ဒေ​ပ​ညာ​ရှင်​တွေ​ဖြစ်​တဲ့ ​ဦး​၀င်း​မြင့်​နဲ့ ​ဦး​အောင်​ကြည်​ညွန့်တို့က ​ဖွဲ့စည်း​ပုံ​နဲ့ပတ်​သက်​ပြီး ​ရှင်း​လင်း​တင်​ပြ​ကြ​မယ်၊ ​ပြီး​ရင် ​ပြည်​သူ့ဆ​န္ဒသ​ဘော​ထား​ရ​ယူ​ကြ​မှာ ​ဖြစ်​ပါ​တယ်။ ​ပြီး​ခဲ့​တဲ့ ​နိုဝင်ဘာ ၁၀ ရက်နေ့က​လည်း ​အန်​အယ်​ဒီ​ပါ​တီ​ရဲ့ ​ရန်​ကုန်​တိုင်း​လုံး​ကျွတ်​ ပြည်​သူ့ဆ​န္ဒရ​ယူ​ပွဲ ​ပြုလုပ်​ခဲ့​ပြီး ​အ​များ​စု​က ​ဖွဲ့စည်း​ပုံ​ပြင်​ဖို့ ​ဆ​န္ဒ​ပေး​ခဲ့​ကြ​ပါ​တယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up