တရုတ်တွင် တအိမ်ထောင် ကလေး ၂ ယောက်ယူရန် ခွင့်ပြုဖွယ်ရှိ

တရုတ်နိုင်ငံမှာ ဆယ်စုနှစ်ပေါင်းများစွာ ရှိလာတဲ့ တအိမ်ထောင် ကလေး ၁ ယောက် မူဝါဒကို ဖြေလျော့ပြီး ကလေး ၂ ယောက်အထိ ခွင့်ပြုဖို့ ရှိတယ်လို့ တရုတ်ကွန်မြူနစ်ပါတီက မနေ့က ထုတ်ပြန်ပါတယ်။ Chinese mother and childတရုတ်အစိုးရရဲ့ မိသားစုစီမံကိန်း အခြေခံမူဝါဒတွေကို မထိခိုက်စေဘဲနဲ့ ပေါ်လစီသစ်ကို အကောင်အထည်ဖော်သွားဖို့ နိုဝင်ဘာ ၉ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ကျင်းပတဲ့ ၁၈ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အစည်းအဝေးကနေ သဘောတူခဲ့တာ ဖြစ်ပါတယ်။ တရုတ်ပြည်ရဲ့ ရေရှည် လူဦးရေဖွံ့ဖြိုးမှု စီမံကိန်းကို မြှင့်တင်ရင်းနဲ့ တအိမ်ထောင် ကလေး ၂ ယောက် မူဝါဒအသစ်ကို တဆင့်ပြီးတဆင့် ဖော်ဆောင်သွားမယ်လို့ ကွန်မြူနစ်ပါတီက ကြေညာပါတယ်။ တရုတ်ပြည်မှာ အသက် ၆၀ အထက် လူဦးရေက အလျင်အမြန် တိုးတက်နေပြီး လောလောဆယ် ၁၄ ဒဿမ ၃ ရာခိုင်နှုန်း ရှိပါတယ်။  ၂၀၅၀ ခုနှစ်ရောက်ရင် လူဦးရေရဲ့ ၃ ပုံ ၁ ပုံအထိ ရှိလာမှာ ဖြစ်ပါတယ်။ ကလေး ၁ ယောက် ပေါ်လစီကြောင့် တရုတ်ပြည်မှာ ယောင်္ကျားလေး မွေးနှုန်းက မိန်းကလေးမွေးနှုန်းထက် ပိုများနေပြီး ၂၀၃၀ ခုနှစ်ရောက်ရင် လူပျိုကြီး အရေအတွက် သန်းချီ ရှိလာနိုင်ဖွယ် ရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up