မကွေးတိုင်းဒေသကြီး ရေစကြိုမြို့မှာ ကျောင်းအပ်စတင်လက်ခံတဲ့နေ့ မေလ ၂၄ ရက်မနက်ပိုင်းက အထက ၁ ယာယီကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်နှင်းယု နေအိမ်မှာ ဗုံးပေါက်ကွဲပြီး နေအိမ်အစိတ်ပိုင်းတစ်ချို့ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အဲဒီကျောင်းအုပ်ဆရာမကြီးဟာ CDM လှုပ်ရှားမှုမှာ မပါဝင်ဘဲ ကျောင်းဖွင့်ပြီးတော့ ကျောင်းအပ်လက်ခံဖို့ လုပ်နေတဲ့အချိန်မှာ ဝန်ထမ်းအိမ်ရာမှာရှိတဲ့ သူ့ရဲ့နေအိမ်မှာ ဗုံးပေါက်ကွဲခဲ့တာလို့ မြို့ခံတစ်ယောက်က ပြောပါတယ်။
ရေစကြိုမြို့နယ်အတွင်းမှာ စစ်အာဏာရှင်ပြုတ်ကျရေးနဲ့ စစ်ကျွန်ပညာရေးစနစ်ကို အလိုမရှိကြောင်း နည်းလမ်းပေါင်းစုံနဲ့ သပိတ်တိုက်ပွဲပြုလုပ်ပြီး တော်လှန်နေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။