ဂျပန်ရောက် မြန်မာလူငယ်တွေဟာ မေလ ၂၃ ရက်နေ့မှာ ဂျပန်နိုင်ငံ ယိုကိုဟားမားမြို့ရဲ့ လူစည်ကားရာ ဆာကူရာဂိချော ဘူတာရှေ့မှာ စစ်အာဏာရှင် တော်လှန်ရေးလှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ကြပါတယ်။
ဒီကနေ့ လှုပ်ရှားမှုဟာ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက် သတ်ဖြတ်၊ နှိပ်စက်မှုတွေကို ဂျပန်ပြည်သူတွေ ပိုမိုသိရှိလာအောင် ဂျပန်ဘာသာနဲ့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့ပါတယ်။
ဒါအပြင် မြန်မာနိုင်ငံအတွက် အလှူငွေကောက်ခံခဲ့ကြပြီး အာဏာဖီဆန်ရေး CDM လုပ်ဆောင်ထားတဲ့ ဝန်ထမ်းတွေနဲ့ စစ်ဘေးရှောင်ပြည်သူကို ပြန်လည် လှူဒါန်းပေးသွားမယ်လို့ ဂျပန်ရောက် မြန်မာလူငယ်တွေက ပြောပါတယ်။