Wednesday, June 7, 2023
HomeLead Storyမူဆယ် ပညာရေးဝန်ထမ်း ၄၀၀ ကျော်ကို တာဝန်ကယာယီရပ်ဆိုင်း

မူဆယ် ပညာရေးဝန်ထမ်း ၄၀၀ ကျော်ကို တာဝန်ကယာယီရပ်ဆိုင်း

မူဆယ်မြို့နယ် အခြေခံပညာဦးစီးဌာနမှ ပညာရေးဝန်ထမ်း ၄၂၈ ဦးကို တာဝန်မှ ယာယီရပ်ဆိုင်းကြောင်း အမိန့်စာထုတ်ပြန်ထားတယ်လို့ CDM ဆရာမ တစ်ဦးက ပြောပါတယ်။

“အ.ထ.က (၁) က CDM သမားတွေ ပါမလာဘူး။ မူဆယ် အ.ထ.က (၁) မှာ CDM သမား အယောက် ၂၀ ကျော်ရှိတယ်။ အဲဒါပါမလာဘူး။ ပြီးတော့ Non CDM တချို့တွေက CDM list ထဲ ပါနေတယ်” လို့ သူက ဆိုပါတယ်။

မူဆယ်မြို့နယ်မှာ အခြေခံပညာ ထက်၊ လယ်၊ မူ ကျောင်းပေါင်း ၁၀၁ ကျောင်းရှိပြီး နယ်စပ်ဒေသ လမ်းပန်းခက်ခဲမှုအခြေအနေကြောင့် စာသင်ကျောင်း ၄၃ ကျောင်း မဖွင့်လှစ်နိုင်သေး ပေမဲ့ မြို့နယ်အတွင်းရှိ မုံးကိုးမြို့၊ မန့်ဟီးရိုးမြို့၊ ပန်ဆိုင်း (ကြူကုတ်)မြို့ တွေမှာရှိတဲ့ ကျောင်းပေါင်း ၅၈ ကျောင်းကို မြို့နယ်ပညာရေးမှူးရုံးက ဇွန် ၁ ရက်မှာ ဖွင့်လှစ်ဖို့ ပြင်ဆင်နေကြာင်းလည်း နီးစပ်သူတစ်ဦးဆီက သိရပါတယ်။

CDM ဝင်ထားတဲ့ ပညာရေးဝန်ထမ်း တစ်ဦးကတော့ “ကျောင်းတော့ ဖွင့်ဖို့ ပြင်နေတယ်။ ဘာဖြစ်လာမယ်ဆိုတာ ​ကျောင်းအပ်တဲ့နေ့မှ သိရမှာ” လို့ ပြောပါတယ်။

 ဒီရက်ပိုင်းအတွင်း ပျူစောထီးဆိုတဲ့အဖွဲ့က CDM မှာပါတဲ့ သူတွေကို ခြိမ်းခြောက်စာ ဖြန့်ထားတာကြောင့် တချို့သူတွေအနေနဲ့ စိုးရိမ်မှုတွေ ရှိပေမဲ့ တချို့ကတော့ မကြောက်ကြကြောင်း၊ စစ်ကျွန်ပညာရေးကို အားပေးတာဟာ အဓမ္မကို အားပေးတဲ့ အောက်တန်းစား ပညာတတ်တွေဖြစ်တယ်လို့ သူက စွပ်စွဲပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular