ဆီးဂိမ်းအတွက် ရန်ပုံငွေရှာဖွေပွဲများ လုပ်မည်
DVB
·
November 15, 2013
ကျင်းပတော့မယ့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း) ၀င်မယ့် အားကစား သမားတွေကို ထောက်ပံ့နိုင်ရေးအတွက် ရန်ပုံငွေ ရှာဖွေပွဲတွေ ပြုလုပ်မယ်လို့ ထုတ်ပြန်ကြေညာချက်တွေအရ သိရပါတယ်။
မြန်မာနိုင်ငံ ကရာတေးဒို အဖွဲ့ချုပ်ဟာ နာမည်ကြီး Iron Cross တေးဂီတ၀ိုင်း၊ လေးဖြူ၊ အငဲ၊ မျိုးကြီးနဲ့ ၀ိုင်ဝိုင်း တို့ကို ကျပ် သိန်း ၃၅၀ နဲ့ ငှားရမ်းပြီး လာမယ့် ဒီဇင်ဘာ ၁ ရက်နေ့ အရှေ့မြင်းပြိုင်ကွင်းလမ်းက ရွှေထွဋ်တင်ကွင်းမှာ ဖျော်ဖြေမှာ ဖြစ်ပါတယ်။
ဝင်ကြေးတွေကိုတော့ ကျပ် ၃ သောင်း၊ ၂ သောင်း ၅ ထောင်၊ ကျပ် ၂ သောင်း၊ ကျပ် ၁ သောင်း ၅ ထောင်နဲ့ ကျပ် ၈ ထောင် သတ်မှတ်ထားပါတယ်။
အလားတူ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်နဲ့ ထိုင်းနိုင်ငံက နာမည်ကြီး ရုပ်ရှင်ကား Pee Mak မင်းသမီးတို့ ၂ ယောက်ဟာလည်း ဒီဇင်ဘာ ၃ ရက်နေ့ကျရင် ရန်ကုန် ဂျန်းရှင်းစင်တာမှာ ဆီးဂိမ်းအကြို လှုံ့ဆော်ရေးပွဲ ပြုလုပ်မယ်လို့ ကြေညာထားပါတယ်။