အီရန် နျူကလီးယားအစီအစဉ် အရေးယူပိတ်ဆို့မှု မလုပ်သေးဟု အမေရိကန်ပြော

အေမရိကန် သမ္မတ အုိဘားမား
သမ္မတ ဘားရက်အိုဘားမားက အမေရိကန်အနေနဲ့ အီရန် နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်ပြီး အီရန်နိုင်ငံကို နောက်ထပ် အေးယူပိတ်ဆို့မှုတွေ လုပ်ဖို့ မလိုအပ်သေးဘူးလို့ နိုဝင်ဘာ ၁၄ ရက်နေ့က အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။ [caption id="attachment_44726" align="alignright" width="300"]အမေရိကန် သမ္မတ အိုဘားမား အမေရိကန် သမ္မတ အိုဘားမား[/caption] အမေရိကန်အနေနဲ့ ဒီကိစ္စအပေါ်မှာ အီရန်နိုင်ငံအနေနဲ့ ဘယ်လောက် စိတ်ပါလက်ပါ လိုက်လုပ်လာမလဲဆိုတာကို အရင် စမ်းသပ်ရဦးမယ်လို့ သမ္မတက ပြောပါတယ်။ “တကယ်လို့ ကျနော်တို့ဟာ သံတမန်နည်းလမ်းနဲ့ သွားမယ်ဆိုရင် ဘာမှ စီးပွားရေး ထပ်မံပိတ်ဆို့မှုတွေ မလိုအပ်တော့ပါဘူး။ ဘာလို့လဲဆိုတော့ ဒီပိတ်ဆို့မှုတွေဟာ ထိရောက်နေပြီး ဖြစ်ပါတယ်။ ဒါကြောင့်ပဲ အီရန်ဟာ ဆွေးနွေးပွဲစားပွဲပေါ် ရောက်လာတာပါ။ တကယ်လို့ အပြုသဘော မဆောင်ဘူး၊ စားပွဲဝိုင်းမှာ တက်တက်ကြွကြွ မဆွေးနွေးချင်ဘူး၊ ရလဒ်ကောင်း မထုတ်ချင်ဘူးဆိုရင်တော့ နောက်ထပ်စီးပွားရေးပိတ်ဆို့မှုတွေ လုပ်ရပါမယ်။ အဲဒါပဲ ရွေးချယ်ရတော့မှာပါ” လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ အီရန်အနေနဲ့ နျူကလီးယားလက်နက် ထုတ်လုပ်ခွင့်မရှိဆိုတဲ့ အမေရိကန်ရဲ့ ရပ်တည်ချက်ကတော့ မပြောင်းလဲဘူးလို့လည်း ပြောပါတယ်။ “အီရန်ဟာ နျူကလီးယားလက်နက် ပိုင်ဆိုင်ခွင့် မရှိပါဘူး။ ကျနော်တို့နဲ့ ကျနော်တို့ မိတ်ဆွေတွေ အားလုံးအတွက် အန္တရာယ်ရှိရုံတင် မကပါဘူး။ အဲ့ဒီဒေသတခုလုံးရဲ့ တည်ငြိမ်ရေးကို ထိခိုက်တဲ့အပြင် ကျနော်တို့ အားလုံးရဲ့ ဘ၀လုံခြုံရေးကိုပါ ထိခိုက်လာမယ့် နျူကလီးယားလက်နက် အင်အားပြိုင်ဆိုင်မှုတွေ ဖြစ်လာနိုင်တဲ့ အတွက်ကြောင့်ပါ။ ကျနော်တို့ ရည်မှန်းချက် အောင်မြင်ဖို့အတွက် စာပွဲဝိုင်းပေါ်မှာ ဖြစ်နိုင်သမျှ နည်းလမ်းတွေကို သုံးပြီး အကောင်အထည်ဖော်သွားမှာပါ။” အီရန်နိုင်ငံမှာ ဟက်စန် ရူဟာနီ (Hassan Rouhani) သမ္မတ တက်လာချိန်ကစပြီး အီရန် နျူကလီးယား တိုးချဲ့ရေးအစီအစဉ် ရပ်ဆိုင်းခဲ့မှုကို ကုလသမဂ္ဂအစီရင်ခံစာမှာ နိုဝင်ဘာ ၁၄ ရက်နေ့က ဖော်ပြအပြီးမှာ အခုလို အမေရိကန်သမ္မတရဲ့ မှတ်ချက် ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ နျူကလီးယားအေဂျင်စီရဲ့ သီးခြားအစီရင်ခံစာမှာလည်း ပြီးခဲ့တဲ့ ဩဂုတ်လကစလို့ ပလူတိုနီယမ် ထုတ်လုပ်နိုင်စွမ်းရှိတဲ့ အီရန် ဓာတ်ပေါင်းဖိုမှာ နောက်ထပ် ဘာကိရိယာ အစိတ်အပိုင်းအသစ်မှ တပ်ဆင်ခြင်း မရှိတော့ဘူးလို့ ဆိုပါတယ်။ အခုလို အီရန်ရဲ့ နျူကလီးယားအစီအစဉ်ကို ထူးထူးခြားခြား ရပ်ဆိုင်းလိုက်တာဟာ အနောက်နိုင်ငံတွေနဲ့ နှစ်ပေါင်းများစွာ ထိပ်တိုက်ရင်ဆိုင်ရေးလမ်းကြောင်းကိုသာ ရွေးချယ်ခဲ့တာကနေ ထူးထူးခြားခြား အပြောင်းအလဲ လုပ်ခဲ့တဲ့ သမ္မတ ရူဟာနီရဲ့မူဝါဒတွေကို အထောက်အပံ့ဖြစ်ဖို့နဲ့ နိုဝင်ဘာ ၂၀ ရက်နေ့မှာ ဆက်လက် ကျင်းပဖို့ ရှိတဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ ဆွေးနွေးပွဲမှာ အီရန်နိုင်ငံအတွက် ပိုမိုအားကောင်းဖို့ ရည်ရွယ်ပုံရတယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up