ရုရှား ၂၀၁၄ အိုလံပစ်ပွဲကို သပိတ်မှောက်ရန် နှိုးဆော်

938
[caption id="attachment_46512" align="alignright" width="300"]
ယဲကာတီရီနာ ဆာမူဆီဗစ်ခ်ျ[/caption]
အဓိကရုဏ်း ပူစီလို့ နာမည်ပေးထားတဲ့ ပန့်ခ် ဂီတအဖွဲ့သားတွေက ရုရှားနိုင်ငံမှာ ကျင်းပမယ့် အိုလံပစ်ပွဲဟာ နိုင်ငံရေးပတ်သက်မှု များလွန်းတယ်ဆိုပြီး ဆိုချီ ၂၀၁၄ ဆောင်းရာသီ အိုလံပစ်ပွဲကို သပိတ်မှောက်ဖို့ နိုဝင်ဘာ ၁၃ ရက်က နှိုးဆော်လိုက်ပါတယ်။
အဓိကရုဏ်း ပူစီ အမျိုးသမီး ၃ ယောက်ထဲက ထောင်ကျခံရပြီး ပြီးခဲ့တဲ့ အောက်တိုဘာမှာ ပြန်လွတ်လာတဲ့ ယဲကာတီရီနာ ဆာမူဆီဗစ်ခ်ျက အိုလံပစ်ကို သပိတ်မှောက်တာကို တခြား ထောင်ကျနေတဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် နာဇက်ဒ်ဒါ တိုလိုကိုနီကိုဗာလိုပဲ ထောက်ခံတယ်လို့ ပြောပါတယ်။
“အိုလံပစ်ပွဲ ပတ်ဝန်းကျင်က အခြေအနေဟာ ၁၉၈၀ က ဆိုဗီယက်ခေတ်ကို ပြန်သတိရစေပါတယ်။ အားကစားသက်သက် ပွဲတော်ဟာ နိုင်ငံရေး အများအပြား ဆက်နွယ်တဲ့ အနေအထားကို ရောက်နေပါတယ်” လို့ ပြောပါတယ်။
ရုရှားနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေကြောင့် ရုရှားမှာ အိုလံပစ်နဲ့ ပတ်သက်ပြီး ဥရောပမှာလို့ သိပ်စိတ်မ၀င်စားကြဘူးလို့ ဆာမူဆီဗစ်ခ်ျက ပြောပါတယ်။
စက်တင်ဘာနှောင်းပိုင်းတုန်းက အဓိကရုဏ်း ပူစီ တေးဂီတအဖွဲ့က နာဒက်ဇ်ဒါ တိုလို ကွန်နီကိုဗာဟာ ထောင်တွင်းအခြေအနေတွေအပေါ်မှာ ဆန့်ကျင်ပြီး အစာငတ်ခံ ဆန္ဒပြပြီးနောက်မှာ တခြားထောင်ကို ပြောင်းရွှေ့ခံခဲ့ရပါတယ်။
အသက် ၂၄ နှစ်အရွယ် တိုလိုအွန်နီကိုဗာဟာ အစာငတ်ခံ ဆန္ဒပြမှု ၉ ရက်မြောက်မှာ ဆေးရုံတင်ခဲ့ရပါတယ်။
ရုရှားအစိုးရကို ဝေဖန်သူတွေကတော့ အဓိကရုန်း ပူစီအဖွဲ့အပေါ် တရားစွဲဆိုမှုဟာ သမ္မတ ဗလာဒီမာ ပူတင် တတိယအကြိမ် သမ္မတအဖြစ် ရွေးချယ်ခံရပြီး အတိုက်အခံတွေကို ချေမှုန်းမှုတခုအဖြစ် မြင်ကြပါတယ်။
သမ္မတ ပူတင်ကတော့ တရားစီရင်မှုမှာ ၀င်ရောက်စွက်ဖက်မှု မရှိဘူးလို့ ပြောပြီး အဓိကရုဏ်း ပူစီအဖွဲ့ဟာ သူတို့အပြစ်အတွက် သူတို့ ခံရတာလို့ ပြောပါတယ်။
