ပဲခူးတိုင်းဒေသကြီး၊ ပဲနွယ်ကုန်းမြို့က သတိပဋ္ဌာန်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနဲ့ သံမဏိရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွေရဲ့ အောက်တွေမှာ မေလ ၂၀ ရက် မနက် ၈ နာရီလောက်က လက်ပစ်ဗုံးနဲ့ ချိန်ကိုက်ဗုံးတွေ့ရှိပါတယ်။
ချိန်ကိုက်ဗုံးတွေကို ပေါက်ကွဲမှု မဖြစ်ခင်တွေ့ရှိတာလို့ အုပ်ချုပ်ရေးအဖွဲ့က ပြောဆိုပြီး ဗုံးထောင်သူ ဘယ်သူဘယ်ဝါဆိုတာ မသိရသေးပါဘူး။
ရပ်ကွက်အနီးနားရှိ လမ်းတွေကို ပိတ်ဆို့ထားပြီး နေ့လည် ၃နာရီလောက်မှာ တပ်ဘက်က မိုင်းကျွမ်းကျင်သူတစ်ဦး လာရောက်ဖြုတ်ယူ သယ်ဆောင်သွားတယ်လို့ အနီးအနားမှ မြို့ခံတဦးက ပြောပါတယ်။
အဲဒီရပ်ကွက် အုပ်ချုပ်ရေးမှူး နှစ်ဦးဟာ CDM ဝန်ထမ်းတွေကို ခြိမ်းခြောက်တာ ၊ ရပ်ကွက်အတွင်း အာဏာပါဝါ အသုံးချခြင်းတွေကြောင့် လူသိများထင်ပေါ်နေသူတွေလို့ ရပ်ကွက်အတွင်းနေထိုင်သူတွေက ပြောပါတယ်။