ဝက်လက်မြို့နယ်တွင် အလုပ်ထုတ်ခံရသည့် ပညာရေးဝန်ထမ်း ၁၁၀၀ ကျော်ရှိ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အတွင်းက စစ်အာဏာရှင်ဆန့်ကျင် အာဏာဖီဆန် CDM လုပ်ကြတဲ့ ပညာရေးဝန်ထမ်းစုစုပေါင်း ၁၁၄၅ ယောက်ကို ဒီကနေ့ မေလ ၂၁ ရက်နေ့မှာ အလုပ်တာဝန်က ယာယီရပ်ဆိုင်းလိုက်တယ်လို့ စစ်ကောင်စီက ကြေညာပါတယ်။
မူလတန်းနဲ့ အထက်တန်း ဆရာ ဆရာမတွေအပါအဝင် အလုပ်တာဝန်ကရပ်ဆိုင်းခံရတဲ့ ပညာရေးဝန်ထမ်းတွေရဲ့ စာရင်းတွေကို မေလ ၁၄ ရက်ကစပြီး ထုတ်ပြန်ထားတာဖြစ်ပြီး၊ အလက ပညာရေးဝန်ထမ်းစာရင်းကိုတော့ ဒီနေ့မှ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
၀က်လက်မြို့နယ်မှာ အထက ကျောင်းအုပ် စာရင်းရှိ ၇ ဦးမှာ လစ်လပ် ၂ ဦးနဲ့ ယာယီရပ်ဆိုင်းခံရတာ ၂ ဦး၊ ထခွဲ/အလက ကျောင်းအုပ်စာရင်းရှိ ၃၇ ဦး မှာယာယီရပ်ဆိုင်းခံရတာ ၂၃ ဦး၊ မူလတန်းကျောင်းအုပ်စာရင်းရှိ ၁၂၇ ဦးမှာ လစ်လပ် ၁၂ ဦးနဲ့ ယာယီရပ်ဆိုင်းခံရတာက ၆၃ ဦး၊ အထက်တန်းပြစာရင်းရှိ ၁၇၀ ဦးမှာယာယီရပ်ဆိုင်းခံရတာက ၁၁၄ ဦး၊ အလယ်တန်းပြစာရင်းရှိ ၅၅၈ ဦးမှာ ယာယီရပ်ဆိုင်းခံရတာက ၃၇၉ ဦး၊ မူလတန်းပြ စာရင်းရှိ ၅၉၀ ဦးမှာ ယာယီရပ်ဆိုင်းခံရတာက ၄၉၇ ဦး ၊ ကျောင်းရုံး၀န်ထမ်း ၆၁ နဲ့ မြို့နယ်ပညာရေးမှူးရုံး ၆ ဦး စုစုပေါင်း ပညာရေးဝန်ထမ်း ၁၁၄၅ ဦးကို အလုပ်တာဝန်ကနေယာယီရပ်ဆိုင်းလိုက်ဖြစ်ပါတယ်။
တစ်မြို့နယ်လုံးအတိုင်းအတာနဲ့ပညာရေး၀န်ထမ်း ၁၈၆၆ ဦးရှိပြီး စစ်ကောင်စီကနေ အလုပ်တာဝန်ကယာယီရပ်ဆိုင်း/ထုတ်ပယ်လိုက်သူ ၁၁၄၅ ဦးရှိတယ်လို့သိရပြီး ၆၁ ဒသမ ၃၆ ရာခိုင်နှုန်း CDM ပြုလုပ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီက စစ်အာဏာဆန့်ကျင် CDM လုပ်တဲ့ဝန်ထမ်းတွေကို အလုပ်တာဝန်က ရပ်ဆိုင်းတာတွေပြုလုပ်နေသလို တဖက်မှာလဲ ပညာရေးဝန်ထမ်း အလုပ်လျှောက်လွှာ ခေါ်ယူနေပါတယ်။