Home
မြန်မာသတင်း
လက်ပံတောင်း ပဋိပက္ခ ၇ ဦး ဒဏ်ရာရ၊ ၃ ဦး ဖမ်းဆီးခံရ
DVB
·
November 15, 2013
စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပံတောင်းဒေသ မိုးကြိုးပြင်တောင်ရွာမှာ မနေ့ညက ရဲနဲ့ ဒေသခံတွေ နှစ်ဖက် အချင်းများ ပဋိပက္ခဖြစ်ပွားရာကနေ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ရဲတွေက ရွာသား ၃ ယောက်ကို ဖမ်းဆီခေါ်သွားပါတယ်။ ပစ်ခတ်မှုကြောင့် ရွာသား ၇ ဦး ထိခိုက် ဒဏ်ရာရရှိတယ်လို့  မိုးကြိုးပြင်ရွာနေ ဦးလပြည့်က ပြောပါတယ်။ let pan taung“မိုးကြိုးပြင် ရွာက ရွာသား ၇ ယောက် ထိပါတယ်။ သေနတ်ဒဏ်ရာ ထိတာက မအေးစန်း၊ ကိုစိုပြည်အောင်၊ ကိုဖိုးစီ၊ မောင်မျိုး၊ ကိုထွန်းအေး၊ ဦးမှိုင်းနဲ့ ကိုဘိုနီ အဲဒီ ၇ ဦးထိတာခင်ဗျ။ ဆေးရုံတက်မကုဘူးခင်ဗျ။ ဆေးရုံတက်မကုတာက သူတို့ရဲ့ လုံခြုံရေးကို စိတ်မချလို့ ရွာက မထွက်ခွာပဲ ရွာမှာပဲ ဆေးမီးတိုနဲ့ ကုနေကြတယ်။ ကိုစိုပြည်အောင်က ရင်အုံထိတယ်။ ကိုဖိုးစီက ဘယ်ဘက်ရင်အုံ ထိတယ်။ မအေးစန်းက လက်ကောက်ဝတ် ထိတယ်။ ကိုဘိုနီက ခြေသလုံးထိတယ်။ ကိုထွန်းအေးကတော့ ခြေထောက်ထိတယ်။ ဦးမှိုင်းလည်း ခြေထောက်ပဲ ထိတယ်။  နာရေးကူညီမှုက လူနာတင်ကားတွေ လာပေမယ့် သူတို့က မလိုက်ဘူး။” အင်ကြင်းတောင်ပေါ်က သပိတ်စခန်းကို မိုးကြိုးပြင်ရွာက ဒေသခံ ရွာသားတွေ မသွားရောက်နိုင်အောင် မိုးကြိုးပြင်ရွာ အပြင်ဘက်တွင် ရဲကင်းတွေ လာရောက်ချထားရာမှ ရွာသားတွေနဲ့ အချင်းများပြီး ပစ်ခတ်မှုဖြစ်တာလို့ ကိုလပြည့်က ပြောဆိုပါတယ်။ မနေ့ညက ပဋိပက္ခဖြစ်ပွားတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး ဆားလင်းကြီးမြို့နယ် ရဲစခန်းကို ဆက်သွယ်မေးမြန်းပေမယ့် အခြေအနေ အသေးစိတ် မသိရဘူးလို့ ပြန်လည် ဖြေကြားပါတယ်။ အခင်းဖြစ်ပွားခဲ့ရတဲ့ အကြောင်းအရင်းကို အင်ကြင်းတောင် သပိတ်စခန်းမှာ ဆန္ဒပြတောင်းဆိုနေတဲ့ ဆရာတော် ဦးစန္ဒာသီရိက အခုလို ပြောပါတယ်။ “စဖြစ်တာကတော့ သူတို့ ညတွင်းချင်းအားချင်း ၁၂ ရက် ညကတည်းက ရဲကင်းတွေ စောင့်ပြီးတော့ ရွာသားတွေကို ထိန်းတာရယ်။ အထူးသဖြင့်တော့ မိုးကြိုးပြင်ရွာကနေ အင်ကြင်းတောင် သပိတ်စခန်းကို မလာနိုင်အောင် လုပ်တာကနေ ရဲတွေနဲ့ ထိပ်တိုက်တွေ့ပြီးတော့ ပစ်ခတ်မှုတွေ ဖြစ်တာပေါ့။” မနေ့ညက အခင်းဖြစ်ပွားပြီးနောက် မိုးကြိုးပြင်ရွာက ရွာသားသုံးဦးကို ဖမ်းဆီးသွားကြောင်း ဆရာတော် ဦးစန္ဒာသီရိက ပြောပါတယ်။ “မနေ့ညကလည်း ၁၁၊ ၁၂ လောက်မှာ အလယ်ရွာက ကင်းလှည့်တဲ့ ရွာသားတွေထဲက  ရွာသား ၃ ယောက်ကို ဖမ်းသွားတယ်။ မနေ့ညက ဖမ်းသွားတဲ့ ရွာသား ၃ ယောက်က ကိုတင်ညို၊ ဗိုလ်တင့်နဲ့ ကိုမြင့်ဝေ တို့ပါ။” ပန်ကြားရေးဝန်ကြီးဌာနက ၀က်ဘ်ဆိုဒ်မှာတော့ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် အင်ကြင်းတောင်သပိတ် စခန်းနယ်မြေမှာ နိုဝင်ဘာ ၁၄ ရက် ညပိုင်းက ရွာသူရွာသားတွေက လုံခြုံရေး တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တွေကို လေးခွတွေ၊ ကျောက်ခဲတွေနဲ့ ပစ်ခတ်ခဲ့ကြလို့ ရဲတပ်ဖွဲ့ဝင် ၉ ဦး ဒဏ်ရာ ရရှိပြီး ရဲမော်တော်ယာဉ် ၂ စီး လေကာမှန်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်​ဘာ​လ ၂ ​ရက်​နေ့​က လယ်​တီ ​သာ​သ​နာ​နိ​က ​အ​ဆောက်​အ​အုံ​တွေ​ကို ၀င်​ရောက် ​ကြည့်​ရှု​ခွင့်​မ​ရ​တာ​ကြောင့် ​လက်​ပံ​တောင်း​တောင်​ဒေ​သ ​သံ​ဃာ​တော်​များ​နဲ့ ​ဒေ​သ​ခံ​တွေ​က ​အင်ကြင်းတောင်ပေါ်မှာ သ​ပိတ်​စ​ခန်း​ဖွင့် ​ဆ​န္ဒ​ပြ​ခဲ့​ကြပါ​တယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024