ကယားပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် ကေအန်ပီပီ တိုက်ပွဲဖြစ်
DVB
·
May 20, 2021
ကယားပြည်နယ် ဖားဆောင်းမြို့နယ်နဲ့ ဘောလခဲမြို့နယ်အကြားမှာ မေလ ၂၀ ရက် ဒီကနေ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ( ကေအန်ပီပီ) တပ်တွေ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲမှာ စစ်ကောင်စီတပ်တွေဘက်က အကျအဆုံးများတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်တွေက အဲဒီဒေသမှာ တောင်ယာလိုက်ခုတ်နေတဲ့သူတွေကို ပေါ်တာဆွဲပြီး ထိခိုက်ဒဏ်ရာရတဲ့ တပ်ဖွဲ့ဝင်တွေကို သယ်ခိုင်းနေတယ်လို့လည်း တောင်ယာလုပ်သားတွေဆီက သိရပါတယ်။