Home
မြန်မာသတင်း
စစ်ကောင်စီတပ်ကပစ်ခတ်သည့် လက်နက်ကြီးကျည်များ ထိုင်းရွာထဲကျရောက်
DVB
·
May 20, 2021

သံလွင်မြစ်ဘေး စစ်ကောင်စီတပ်စခန်းတစ်ခုကနေ မေလ ၂၀ ရက် ဒီနေ့မနက်က ပစ်ခတ်မှုကြောင့် ထိုင်းဘက်ခြမ်း မယ်ကထရွာဘက်ကို လက်နက်ကြီးကျည်ကျရောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

လက်နက်ကြီး ကျရောက်ခဲ့လို့ ရွာသားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့လည်း ထိုင်းကရင်ရွာသွားတွေက ပြောပါတယ်။ 

ဒီနေ့မွန်းတည့်ချိန်လောက်မှာ  စစ်ကောင်စီတပ်ရင်း   ခမ၇ ၃၄၁ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေရဲ့ပစ်ခတ်မှုကြောင့်  ၆၀ မမ လက်နက် ကျည်ဆန် ၃ လုံး မဲဟောင်ဆောင်ခရိုင်  မယ်စရီးယန်းမြို့နယ်ထဲက  ထိုင်း ရွာတစ်ရွာကိုကျရောက်ခဲ့ပြီး ရွာသားတွေ ကြောက်လန့် ထွက်ပြေးခဲ့ရတယ်လို့ ထိုင်းနိုင်ငံထုတ် သည်နေရှင်းသတင်းမှာလည်းဖော်ပြပါတယ်။ 

စစ်ကောင်စီရဲ့ တပ်စခန်း (ကရင်ဒေသခံတွေ အခေါ် ဒွတ်ကွင်း) ကို  ဒီနေ့မနက်က ကေအန်ယူက တိုက်ခိုက်ခဲ့ရာမှာ  ပြန်လည်ပစ်ခတ်တာလို့လည်း သတင်းမှာရေးပါတယ်။ 

ပစ်ခတ်မှုဖြစ်ပြီးနောက် ထိုင်း စစ်တပ် တပ်ဖွဲ့ဝင် ၃၀၀ ကျော်လောက် ထိုင်းဘက်ခြမ်းမှာ လုံခြုံရေးအပြည့် နေရာယူထားတယ်လို့လည်း သိရပါတယ်။ 

သံလွင်မြစ်တဖက်ကမ်း မြန်မာဘက်အခြမ်းမှာ နေ့လည် ၁ နာရီ လောက်အထိ ပစ်ခတ်သံတွေ ထိုင်ဘက်ခြမ်းက ရွာသွားတွေလည်း ကြားနေရသလို အီသူးထ ဒုက္ခသည် စခန်းကနေလည်း ကြားနေရပါတယ်။

ကေအန်ယူ KNLA တပ်တွေဟာ ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်နေ့တုန်းကလည်း သံလွင်မြစ်ဘေးက စစ်ကောင်စီရဲ့ သောလယ်ထာ့ (မဲ့စန်လက်) တပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Photo Credit- The Nation

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024