ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်မှာ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ဆရာ၊ ဆရာမတွေကို အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေကို မင်းတပ်မြို့နယ် အုပ်ချုပ်ရေးမှူးအဖြစ် စစ်ကောင်စီက ပြောင်းရွှေ့လိုက်တယ်လို့ သိရပါတယ်၊
ဦးကျော်ဆွေဟာ မြောင်းမြမြို့မှာ ငြိမ်းချမ်းစွာ တောင်းဆို ဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွင်မှုတွေအတွင်း အဓိကလုပ်ဆောင်သူဖြစ်ကြောင်း ဒေသခံတွေဆီက သိရှိရပါတယ်။
မြောင်းမြမြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်ဆွေမှာ စစ်တပ်ကနေ အရပ်ဘက်ကို ပြောင်းရွှေ့ လာသူဖြစ်တယ်လို့ သိရပါတယ်။
စစ်အကြမ်းဖက်အဖွဲ့က မြောင်းမြမြို့နယ်အုပ်ရေးမှူးမှ မင်းတပ်အုပ်ချုပ်ရေးမှူးအဖြစ် ပြောင်းရွှေ့တာဝန်ယူမယ့် ဦးကျော်ဆွေ နှုတ်ဆက်ပွဲကို မေလ ၂၀ ရက်နေ့ညမှာ မြောင်းမြမြို့နယ် အုပ်ချုပ်ရေးမှူးရုံး မြရွှေဝါခန်းမမှာ ကျင်းပပြုလုပ်ဖို့ စီစဉ်ထားပါတယ်။
မင်းတပ်မြို့ဟာ အကြမ်းဖက်စစ်ကောင်စီကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တိုက်ခိုက်တဲ့ မြို့နယ်တခုဖြစ်ပါတယ်။