ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ မေလ ၁၉ ရက် နေ့လယ်ပိုင်းက စားသောက်ဆိုင်မှာ ထိုင်နေတဲ့ အမျိုးသား ၃ ဦးကို အကြမ်းဖက် စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေက ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။
နေ့လယ် ၁၂ နာရီ ကျော်လောက်က လယ်တောအိမ် စားသောက်ဆိုင်ကို လက်နက်ကိုင်ဆောင်ထားတဲ့ အရပ်ဝတ်နဲ့ လူ ၃၀ လောက်ရောက်လာပြီး အမျိုးသား ၃ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတာလို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေအထဲမှာ ပုသိမ်ကွာရန်တင်းစင်တာမှာ စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ကိုသူနေအောင်လည်း ပါဝင်ပြီး နောက် ၂ ဦးကိုတော့ သေချာမမြင်လိုက်ရဘူးလို့ ဆိုပါတယ်။
ပုသိမ်မြို့မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ အာဏာသိမ်းမှုနောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးခံထားရသူ ၆၀ ကျော်ထိရှိလာပြီ ဖြစ်ပါတယ်။