စိုက်/မွေးလုပ်ငန်းများကို ၅ နှစ် ဆက်လက်ကူညီမည် – မေးမြန်းချက်
ရွှေအောင်
·
November 14, 2013
လယ်သမားမှ လယ်သမားသို့ farmer to farmer အစီအစဉ်အရ ပြည်တွင်းက စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတွေကို နည်းပညာအထောက်အကူပေးခဲ့တဲ့ စမ်းသပ်ကာလ ၁ နှစ်ပြည့်ပြီးတဲ့နောက် နောက်ထပ် ၅ နှစ် ဆက်လက်ကူညီပေးတော့မှာ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံ Wind of International က USAid ရဲ့ ငွေကြေးအထောက်အပံ့နဲ့ ငါးမွေးမြူရေး နည်းပညာပေးလုပ်ဆောင်တာလို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၊ အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောပါတယ်။
တလားဗီးယား ငါးမွေးမြူရေး ပညာရှင်၊ ရေချိုပုစွန်သားဖောက် ကျွမ်းကျင်တဲ့ ပညာရှင်၊ ငါးပုစွန်အစာ ကျွမ်းကျင်ပညာရှင် စတဲ့ကျွမ်းကျင်ပညာရှင်တွေဟာ ပြီးခဲ့တဲ့ တနှစ်လုံး မွေးမြူရေးကန်တွေ အရောက်သွားပြီး နည်းပညာဖြန့်ဝေပေးခဲ့ကြတာ ဖြစ်ပါတယ်။
ဦးဝင်းကြိုင်နဲ့ ဆက်သွယ်မေးမြန်းချက်ကို အသံဖိုင်မှာ နားဆင်းနိုင်ပါတယ်။