ဧရာဝတီတိုင်းဒေသကြီးရှိ မြန်မာ့စီးပွားရေးဘဏ်များမှ CDM လုပ်ဆောင်နေတဲ့ ဘဏ်ဝန်ထမ်း ၄၆ ဦးကို တာဝန်မှယာယီရပ်ဆိုင်းကြောင်း မေလ ၁၇ ရက်နေ့က အကြမ်းဖက်စစ်အုပ်စုက ထုတ်ပြန်လိုက်ပါတယ်။
ယာယီရပ်နားခံရတဲ့ ဝန်ထမ်းတွေကို နိုင်ငံတော်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေတဲ့ လှုပ်ရှားမှုမှာ ပါဝင်ခြင်း၊ လှုံ့ဆော်ခြင်း၊ အားပေးကူညီခြင်းတို့ကြောင့် နိုင်ငံ့ဝန်ထမ်းဥပဒေအရ စတင်ပျက်ကွက်သည့်ရက်မှ စတင်ပြီး ဝန်ထမ်းအဖြစ်က ထုတ်ပယ်ကြောင်း ထုတ်ပြန်ထားတာပါ။
တာဝန်မှ ယာယီရပ်ဆိုင်းခံရသူတွေထဲမှာ ဧရာဝတီတိုင်းဒေသကြီးရှိ ပုသိမ်ခရိုင်၊ ညောင်တုန်း၊ ဒေးဒရဲ၊ ဘိုကလေး၊ ဇလွန်၊ မော်လမြိုင်ကျွန်း၊ ငပုတော၊ ဖျာပုံခရိုင်၊ ဟင်္သာတခရိုင်၊ လပွတ္တာ၊ အိမ်မဲ ဘဏ်ခွဲတွေက ကြီးကြပ်ရေးမှူး၊ ဒုကြီးကြပ်ရေးမှူး၊ အကြီးတန်းစာရေးနဲ့ ငွေကိုင်များ၊ အငယ်တန်းစာရေး စုစုပေါင်း ၄၆ ဦး ပါဝင်နေပါတယ်။