Home
မြန်မာသတင်း
လောင်းရှည်ဒေသ(PDF)က ဒလန်များကို ဦးစားပေးချေမှုန်းမည်ဟု ကြေညာ
DVB
·
May 19, 2021

မကွေးတိုင်း၊ ဆောမြို့နယ် လောင်းရှည်ဒေသ ပြည်သူ့ကာကွယ်ရေးတပ် (PDF)က အကြမ်းဖက်စစ်ကောင်စီရဲ့ သတင်းပေးဒလန်တွေကို ဦးစားပေးချေမှုန်းမယ်လို့ မေလ ၁၈ ရက်နေ့ရက်စွဲနဲ့ ကြေညာပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်တွေက  မင်းတပ်၊ ကန်ပက်လက်၊ ဟားခါး၊ တီးတန်မြို့တွေမှာ ပြည်သူတွေကို မတရားပစ်ခတ်သတ်ဖြတ် အနိုင်ကျင့်နေတာကို  ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပြီး အကြမ်းဖက်စစ်သူပုန်တွေ သတ်ဖြတ်လို့ ကျဆုံးသွားကြတဲ့ ပြည်သူတွေအတွက် မိသားစုတွေနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မင်းတပ်၊ ကန်ပက်လက်၊ ဟားခါး၊ တီးတိန်မြို့တွေမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့အတူရပ်တည်ကာ တတ်နိုင်တဲ့နေရာက ပူးပေါင်းပါဝင်ပြီး စစ်ကောင်စီတပ်တွေကို တိုက်ထုတ်သွားမယ်လို့လည်း ဆိုပါတယ်။

လက်ရှိ လောင်းရှည်ဒေသမှာ စစ်ကောင်စီတပ်တွေ ဖြန့်ကြက်နေရာယူထားတာကြောင့် သူတို့နဲ့ ပတ်သက်တာ၊ သတင်းပေးတာ၊ ကောလာဟလ လုပ်ကြံသတင်းလွှင့်တာနဲ့  လူထုကို ထိတ်လန့်အောင် သွေးထိုးလှုံ့ဆော်လုပ်နေတဲ့ ဖော်လံဖား ဒလန်တွေကို  ဦးစွာပထမ ချေမှုန်းရှင်းလင်းသွားမယ်လို့ ကြေညာထားတာဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024