မိုးသက်လေပြင်းကြောင့် မန္တလေး-ပြင်ဦးလွင်ကားလမ်းတစ်လျှောက် သစ်ပင်များလဲကျ
DVB
·
May 19, 2021
မန္တလေး-ပြင်ဦးလွင်ကားလမ်းတလျှောက် ဒီနေ့ မေလ ၁၉ ရက် မနက်အစောပိုင်းက မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်တွေလဲကျ၊ သစ်ကိုင်းတွေကျိုးကျတာတွေ ဖြစ်ခဲ့ပါတယ်။
လမ်းတလျှောက် သစ်ပင်သစ်ကိုင်း လဲကျနေပေမယ့် ရှောင်ကွင်းသွားလာလို့ရတဲ့အတွက် ယာဉ်ကြောပိတ်ဆို့မှုတော့ မဖြစ်ခဲ့ပါဘူး။
လက်ရှိ အနီးဝန်းကျင် နေထိုင်သူတွေက လမ်းပေါ်လဲကျနေတဲ့ သစ်ပင်သစ်ကိုင်းတွေ ဖယ်ရှားရှင်းလင်းပေးနေတယ်လို့ သိရပါတယ်။