တရားမ၀င် အလုပ်သမားများကို ဆော်ဒီရဲ ဖမ်းဆီး

ဆော်ဒီအာရေးဗီးယားနိုင်ငံမှာ တရားမ၀င် နိုင်ငံခြားသားအလုပ်သမား မှောင်ခို ဈေးကွက်ကို နှိမ်နင်းဖို့နဲ့ ဆော်ဒီနိုင်ငံသားတွေရဲ့ အလုပ်အကိုင်ကို ပိုမိုဖန်တီးပေးနိုင်ဖို့ တရားမ၀င် နိုင်ငံခြားသားအလုပ်သမားတွေကို ဆော်ဒီရဲတွေက လိုက်လံစစ်ဆေး ဖမ်းဆီးနေပါတယ်။ sawdi2ဆော်ဒီအာရေးဗီးယားနိုင်ငံမှာ နိုင်ငံခြားသား ၉ သန်းကျော်ရှိပြီး အများစုကတော့ အာဖရိကတိုက်က လာရောက်ကြတာ ဖြစ်ပါတယ်။ သူတို့တွေရဲ့ နိုင်ငံကူးလက်မှတ်တွေကို ပြန်စိစစ်ဖို့နဲ့ တရားမ၀င် အထောက်အထားတွေ ကိုင်ဆောင်တာမိခဲ့ရင် အရေးယူခံရမှာ ဖြစ်ပြီး မူရင်းနိုင်ငံကို ပြန်ပို့ခံရမယ်လို့ ဆိုပါတယ်။ အခုလို စစ်ဆေးဖမ်းဆီးမှုတွေ မလုပ်ခင် နိုင်ငံကူးလက်မှတ်တွေနဲ့ တရားဝင် အထောက်အထားတွေကို ရယူပြင်ဆင်ဖို့ ၇ လ အချိန်ပေးခဲ့ပါတယ်။ အခု နှိင်နင်းမှုဟာ ၁၀ ရက်ရှိပြီမို့ ဖမ်းဆီးခံရသူ သိန်းနဲ့ချီ နေရပ်ရင်း ပြန်ပို့ခံရပြီး ဖြစ်ပါတယ်။ နိုဝင်ဘာ ၁၃ ရက်နေ့က မြို့တော်ရဲ့ ရပ်ကွက်တွေထဲမှာ ရဲ၊ လူနာတင်ယာဉ်တွေ၊ လုံထိန်းရဲတွေနဲ့ ၀ိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးမှုတွေ ပြုလုပ်နေပြီး တရားမ၀င်စာရွက်စာတမ်းတွေကို မိမိ ဆန္ဒအလျှောက် လာရောက်အပ်နှံသူတွေ၊ ထိန်းသိမ်းရေးစခန်းတွေကို ပိုဆောင်ခံရဖို့ စောင့်ဆိုင်းနေသူတွေနဲ့ ပြည့်နှက်နေပါတယ်။ လမ်းမတွေပေါ်မှာတော့ အမှိုက်သရိုက်တွေ၊ မေ့ကျန်ခဲ့တဲ့ အိတ်တွေနဲ့ ဘတ်စ်ကားတွေပေါ်က ကျကျန်ခဲ့တဲ့ ခရီးဆောင်သေတ္တာတွေနဲ့ ပြန့်ကျဲနေခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up