စစ်ကိုင်း ထုံးဘိုရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မီးလောင်
DVB
·
May 17, 2021
စစ်ကိုင်းမြို့နယ် ထုံးဘိုရပ်ကွက်အုပ်ချုပ်ရေးမှုးရုံး မေလ ၁၇ ရက်နေ့ မနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတစ်ဦးက “အခုကရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမီးလောင်တာပါ။ ၁ နာရီ မိနစ် ၄၀ လောက် လောက်မီးလောင်သွားတယ်။ ထုံးဘိုရပ်ကွက် အုပ်ချုပ်ရေးမူးရုံး အဆောက်ဦက ပြာကျသွားတယ်။ ဘယ်ကနေ လောင်တယ်ဆိုတာမသိဘူး။ ညမထွက်ရအမိန့်တွေရှိတယ်ဆိုတော့” လို့ ပြောပါတယ်။