အမေရိကန်သမ္မတဟောင်း ငြိမ်းချမ်းရေးစင်တာတွင် မိန့်ခွန်းပြောမည်
DVB
·
November 14, 2013
မြန်မာနိုင်ငံကို နိုဝင်ဘာ ၁၃ ရက်နေ့က ရောက်ရှိနေတဲ့ အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်ဟာ ဒီနေ့ ညနေပိုင်း ရန်ကုန်မြို့ ငြိမ်းချမ်းရေးစင်တာမှာ မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။
မြန်မာငြိမ်းချမ်းရေး စင်တာ တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးညိုအုန်းမြင့်က “မြန်မာ-အမေရိကန် ချစ်ကြည်ရေးနဲ့ဆက်ဆံရေး တိုးတက်လာတဲ့ သဘောလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အခုလက်ရှိ ကြုံတွေ့နေရတဲ့ စိမ်ခေါ်မှုတွေအတွက်လည်း အဓိက ရည်ရွယ်ပြီးလာပြောတာဖြစ်ပါတယ်။
သူက ဒီမိုကရေစီ တိုင်းပြည်တွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ စိမ်ခေါ်မှုတွေ၊ အခက်အခဲတွေကို သူ့အနေနဲ့ အမေရိကန်အစိုးရရဲ့ တရားမ၀င် အကြံပြုချက်တွေကို သူပေးမယ်လို့လည်း ကျနော်တို့ မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။
ဒီပွဲကို နိုင်ငံရေးပါတီတွေ၊ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ၊ မီဒီယာ အယ်ဒီတာတွေ တက်ရောက်ကြမယ်လို့ ပြောပါတယ်။
ဆက်လက်ဖော်ပြပါမည်။