ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ရိုးမ) ကို ဒီနေ့ ဖွဲ့စည်းလိုက်ပြီး လက်ရှိမှာ တပ်ဖွဲ့ဝင်တွေကို လေ့ကျင့်သင်ကြားမှုတွေ ပြုလုပ်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ရိုးမ) ဟာ National Unity Government Of Myanmar က ဖွဲစည်းလိုက်တဲ့ ပြည့်သူ့ကာကွယ်ရေးတပ်မတော်ကို သစ္စာခံမှာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ သစ္စာဓိဋ္ဌာန် ၄ ချက်အား စောင့်သိမယ်လို့ ထုတ်ပြန်ထားပါတယ်။
အဆိုပါတပ်ဖွဲ့ကို ပဲခူးတိုင်းအတွင်းရှိ မြို့နယ်အားလုံးနည်းပါးက လာရောက်ကြတဲ့ သင်တန်းသားတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီကို အမြစ်ဖြုတ်ဖို့ အပြင်းအထန်လေ့ကျင့်နေကြတယ်လို့ ဆိုပါတယ်။