ရုရှားစစ်ရေယာဉ် သီလ၀ါဆိပ်ကမ်းကို ရောက်ရှိ
DVB
·
November 14, 2013
ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ရေတပ်က ဗီနိုဂရာဒေါ့ဗ် စစ်ရေယာဉ် (ASW Ship-admiral Vinogradov) ဟာ နိုဝင်ဘာ ၁၃ ရက်နေ့ မွန်းလွဲပိုင်းက မြန်မာနိုင်ငံ ရန်ကုန်မြို့ သီလ၀ါဆိပ်ကမ်း MMTT ဆိပ်ခံတားကို ရောက်ရှိပါတယ်။
မြန်မာ-ရုရှား နှစ်နိုင်ငံ ရေတပ်နဲ့ နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနဲ့ ယုံကြည်မှု ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ဖို့ အခုလို လာရောက်တာလို့ နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
ရေယာဉ်ပေါ်မှာ ရုရှား အရာရှိ၊ စစ်သည် ၃၅၉ ဦး လိုက်ပါလာသလို နိုဝင်ဘာ ၁၄ ရက်နေ့မှာလည်း နောက်ထပ် စစ်ရေယာဉ် ၂ စီး ထပ်ရောက်လာမှာ ဖြစ်ပြီး နိုဝင်ဘာ ၁၈ ရက်အထိ မြန်မာနိုင်ငံမှာ လည်ပတ်မယ်လို့ မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားပါတယ်။