ကျိုက်မရောမြို့နယ်ရှိ CDM ဆရာ၊ ဆရာမများ ဆန္ဒပြ
DVB
·
May 15, 2021
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်က CDM လုပ်ဆောင်ထားတဲ့ အခြေခံပညာကျောင်း ဆရာ၊ ဆရာမတွေဟာ အကြမ်းဖက်စစ်ကောင်စီကို မေ ၁၅ ရက်မှာ ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြနေတဲ့ ဆရာ၊ ဆရာမတွေကတော့ စစ်အာဏာရှင် ကျဆုံးတဲ့အထိ CDM ဆက်လုပ်မယ်လို့ ဆိုကြပါတယ်။
အခုအခါ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီဟာ ကျိုက်မရောမြို့နယ်က CDM လုပ်တဲ့ ဆရာ၊ ဆရာမ ၃၀၀ နီးပါးကို တာဝန်က ယာယီရပ်ဆိုင်းထားပါတယ်။