ဒဂုံတက္ကသိုလ် ဂိတ်ပေါက် ၂ အနီး ပေါက်ကွဲမှုဖြစ်
DVB
·
May 15, 2021
ဒဂုံတက္ကသိုလ် ဂိတ်ပေါက် ၂ အနီး ကျန်စစ်သားလမ်းမကြီးပေါ် (မေယုလမ်းထိပ်) မှာ ဒီနေ့ မနက် (၁၀:၀၆) နာရီအချိန်က သာမန်အဆင့် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားချိန် အနီးနားမှာ လူနဲ့အရာဝတ္ထုတွေ မရှိတဲ့အတွက် ပျက်စီးမှု အနည်းငယ်သာ ရှိခဲ့ကြောင်း သိရပါတယ်။