Home
မြန်မာသတင်း
ရေနံချောင်းတက္ကသိုလ်တွင် ကျောင်းသား ၉၀၀ ကျော်အနက် ၁၀၀ ကျော် ကျောင်းတက်
DVB
·
May 15, 2021

အကြမ်းဖက်စစ်ကောင်စီက ဖွင့်ထားတဲ့ ရေနံချောင်းတက္ကသိုလ်မှာ ကျောင်းသား ၁၀၀ ကျော် တက်ရောက်နေတယ်လို့ ကျောင်းသားသမဂ္ဂက ပြောပါတယ်။

နောက်ဆုံးနှစ် အပါအဝင် ဂုဏ်ထူးတန်း ကျောင်းသားစုစုပေါင်း ၉၂၀ ကျော်ရှိတာမှာ ၁၂၂ ယောက် တက်နေတာလို့ ဆိုပါတယ်။

မေ ၁၄ ရက်အထိ စိစစ်ထားတဲ့ စာရင်းတွေအရ တတိယနှစ်ဂုဏ်ထူးတန်းမှာ ကျောင်းသား ကျောင်းသူဦးရေ စာရင်းရှိ ၁၃၄ ယောက်ရှိပြီး ကျောင်းတက်သူ ၂၂ ယောက်၊ ဒုတိယနှစ်ဂုဏ်ထူးတန်းမှာ ကျောင်းသား၊ ကျောင်းသူဦးရေ ၁၂၄ ယောက်ရှိပြီး ၁၀ ယောက် ကျောင်းတက်တယ်လို့ သူတို့က ဆိုပါတယ်။

နောက်ဆုံးနှစ် (final) မှာတော့ ကျောင်းသား ၆၆၅ ယောက်ရှိတာမှာ အယောက် ၉၀ တက်နေတာကြောင့် စုစုပေါင်းကျောင်းသား ၈၆ ရာခိုင်နှုန်းကျော်ဟာ CDM လုပ်နေတယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024